ဂျပန်‌ဦး‌နှောက်‌‌ရောင်‌ ကာကွယ်‌‌ဆေးထိုး အစီအစဉ်‌များ ရပ်‌ကွက်‌ အတွင်းပြုလုပ်‌

ဂျပန်‌ဦး‌နှောက်‌‌ရောင်‌ ကာကွယ်‌‌ဆေးထိုး အစီအစဉ်‌များ ရပ်‌ကွက်‌ အတွင်းပြုလုပ်‌
December 12, 2017 Asian Fame

11:35 am
ဂျပန်‌ဦး‌နှောက်‌‌ရောင်‌ ကာကွယ်‌‌ဆေးထိုး အစီအစဉ်‌များ ရပ်‌ကွက်‌ အတွင်းပြုလုပ်‌

Jpn(ရန်‌ကုန်‌၊ ဒီဇင်‌ဘာ ၁၂‌)

ပြည်‌သူလူထု အ‌ခြေပြု ဂျပန်‌ဦး‌နှောက်‌‌ရောင်‌‌ရောဂါ ကာကွယ်‌‌ဆေးထိုး အစီအစဉ်‌ကို ရန်‌ကုန်‌မြို့အတွင်းရှိ မြို့နယ်‌ များတွင်‌ ဒီဇင်‌ဘာလ ၁၁ရက်‌‌နေ့ မှ ၂၀ရက်‌‌နေ့ အထိ ကျင်းပ‌နေပြီဖြစ်‌သည်‌။

မြို့နယ်‌အတွင်း‌ နေထိုင်‌‌သည့်‌ အသက်‌ ၉လ မှ၁၅နှစ်‌အရွယ်‌‌ က‌လေးငယ်‌များကို ကာ‌ကွယ်‌‌ဆေးထိုး‌ပေးခြင်းဖြစ်‌သည်‌။

စိတ်‌ချရ‌သော ကာကွယ်‌‌ဆေးထိုး လုပ်‌ငန်းဖြစ်‌‌စေရန်‌ ကာကွယ်‌‌ဆေးမထိုးမီ ကာကွယ်‌‌ဆေး မထိုးသင့်‌သည့်‌ အ‌ခြေအ‌နေ၊ လက္ခဏာ များရှိမရှိ ကျန်းမာ‌ရေး အ‌ခြေအ‌နေ‌မေးမြန်းခြင်း၊ ကာကွယ်‌‌ဆေးမထိုးသင့်‌သည့်‌အခြေအ‌နေများကို မိဘများပိုမို သိရှိရန်‌ လုပ်‌‌ဆောင်‌ထားခြင်း၊ကာကွယ်‌‌ဆေးထိုးပြီး တစ်‌နာရီ‌စောင့်‌ကြည့်‌ခြင်း၊ က‌လေးအထူးကု ပါေ‌မာက္ခဆရာဝန်‌ကြီး များနှင့်‌ အချိန်‌မ‌ရွေး ဆက်‌သွယ်‌ တိုင်‌ပင်‌နိုင်‌ရန်‌ စီစဉ်‌ထားခြင်း တို့ကို ‌ဆောင်‌ရွက်‌ထားသည်‌ဟု ‌‌ကာကွယ်‌‌ဆေးထိုး အစီအစဉ်‌မှ တာဝန်‌ရှိသူက‌ပြောသည်‌။

၂၀၁၇ခုနှစ်‌ ဇန်‌နဝါရီလမှ ‌‌အောက်‌တိုဘာလ အတွင်း မြန်‌မာနိုင်‌ငံတွင်‌ ဦး‌နှောက်‌‌ရောင်‌‌ရောဂါေ‌ကြာင့်‌ ‌ဆေးရုံတက်‌သူ ၁၅၄၂ဦးရှိ‌ပြီး ဂျပန်‌ဦး‌နှောက်‌‌ရောင်‌ ပိုး‌တွေ့ရှိသူ ၃၁၅ဦးရှိ‌‌ကြောင်း ကျန်းမာ‌ရေးနဲ့ အားကစားဝန်‌ကြီးဌာနကသတင်းထုတ်‌ပြန်‌ထားသည်‌။

သတင်း သီဟ
ဓာတ်‌ပုံ ‌အောင်‌နိုင်‌စိုး(ကစ္ဆပ)

25158220_1691542667571132_4414849435301797865_n

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*