သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ကို RC2 ထဲသို့ ပြောင်းရွေ့ 

သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ကို RC2 ထဲသို့ ပြောင်းရွေ့ 
December 11, 2017 Asian Fame

11:25 am
သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ကို RC2 ထဲသို့ ပြောင်းရွေ့ 

UIT(ရန်ကုန်၊ ဒီဇင်ဘာ ၁၁)

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(ဗဟန်းနယ်မြေ)ရဲ့ လာမယ့်စာသင်နှစ် သင်တန်းအားလုံးကို မကြာခင်ကမှ ပြန်လည်ဖွင့်လှစ်လိုက်တဲ့ RC2 (ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ) အတွင်း ပြောင်းရွေ့ သင်ကြားတော့မယ်လို့ ယင်းတက္ကသိုလ်ကထုတ်ပြန်ပါတယ်။

ယခင်က ဒီဇင်ဘာလ ၄ ရက်နေ့ ကတည်းက ပြောင်းရွေ့ ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း RC2 ရှိ အဆောက်အဦးလုပ်ငန်းများမပြီးပြတ်သေးတဲ့အတွက် ဇန်န်ဝါရီလ ၂ ရက်နေ့ မှသာပြောင်းရွေ့ တော့မှာဖြစ်ပါတယ်။ ကျောင်းပြောင်းရွှေ့ခြင်း၊ ကျောင်းအပ်လက်ခံခြင်းများကိုတော့ မူလ သတ်မှတ်ထားတဲ့ရက်အတိုင်း လက်ရှိဖွင့်လှစ်ထားတဲ့ အမှတ် ၁၄-၂၀၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်တွင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(ဗဟန်းနယ်မြေ) ကို ၂၀၁၂ ခုနှစ်က အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်(COE) အဖြစ်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်က သတင်း အချက်အလက် နည်းပညာ တက္ကသိုလ် (University of Information Technology – UIT) လို့ နာမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (University of Information Technology – UIT) ရဲ့ ၀င်ခွင့်ရနောက်ဆုံး အမှတ်ဟာ (၄၈၇) မှတ် ဖြစ်ပြီး အမှတ်အများဆုံးနဲ့ ဝင်ရောက်သူရဲ့အမှတ်က (၅၃၄)မှတ်ရှိပါတယ်။

ယခုနှစ်မှာ(၂၁၇) ဦးဝင်ခွင့်ရရှိခဲ့ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး – ၁၇၃ ဦး ၊ ပဲခူးတိုင်းဒေသကြီး – ၁၀ ဦး ၊ တနင်္သာရီတိုင်းဒေသကြီး – ၆ ဦး ၊ မန္တလေးတိုင်းဒေသကြီး – ၅ ဦး ၊ မကွေးတိုင်းဒေသကြီး – ၅ ဦး ၊ ဧရာဝတီတိုင်းဒေသကြီး – ၄ ဦး ၊ မွန်ပြည်နယ် – ၄ဦး ၊ စစ်ကိုင်းတိုင်း
ဒေသကြီး – ၃ ဦး ၊ ရှမ်းပြည်နယ် – ၂ ဦး ၊ ရခိုင်ပြည်နယ် – ၂ ဦး ၊ ကယားပြည်နယ် – ၂ ဦး ၊ ချင်းပြည်နယ် – ၁ ဦးတို့ ဝင်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*