အချုပ်သားသောက်ရန် အရက်လာပို့သူကို ကျောက်ဆည် တရားရုံးက ထောင်၇ရက်ချ

အချုပ်သားသောက်ရန် အရက်လာပို့သူကို ကျောက်ဆည် တရားရုံးက ထောင်၇ရက်ချ
December 11, 2017 Asian Fame

11:13 am
အချုပ်သားသောက်ရန် အရက်လာပို့သူကို ကျောက်ဆည် တရားရုံးက ထောင်၇ရက်ချ

Untitled-1(ကျောက်ဆည်၊ ဒီဇင်ဘာ၁၁)

တစ်လင်တစ်မယားဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် အချုပ်သားတစ်ဦး သောက်ရန်အတွက် အရက်လာပို့ခဲ့သူကို ကျောက်ဆည်တရားရုံးက အချုပ်‌ခန်းများ အက်‌ဥပ‌ဒေ ၄၂အရ ထောင်ဒဏ် ၇ရက်ချမှတ်လိုက်ကြောင်း ‌ကျောက်‌ဆည်‌မြို့မ ရဲစခန်းမှ တာဝန်‌ရှိသူ တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၇ရက်နေ့က ကျောက်‌ဆည်‌မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် စခန်းအချုပ်ခန်းထဲမှ အမှုရင်ဆိုင်နေဆဲ သူများကို ရုံးထုတ်‌ပြီး တရားရုံးအတွင်းရှိ ယာယီအချုပ်‌ခန်း၌ချုပ်‌ထားစဉ်‌ ဧည့်‌‌တွေ့သူတစ်ဦးက တစ်လင်တစ်မယားဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် အချုပ်သားတစ်ဦးကို မုန့်‌၊အ‌စား‌သောက်‌‌များပေးစဉ် အရက်ထည့်ထားသည့် ရေသန့်‌ဘူးကိုပါ ပေးခဲ့ကြောင်း၊ထိုသို့ ပေးနေမှုကို တာဝန်ကျဒုရဲအုပ်က တွေ့ရှိခဲ့သဖြင့် စစ်မေးပြီး အရက်ဘူးကို သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ အချုပ်ခန်း အတွင်းသို့ လုံခြုံရေးကို ဘေးအန္တရာယ်ဖြစ်စေတတ်သော တားမြစ် ပစ္စည်းပေးသွင်းခဲ့သူ ကို အကျဉ်းထောင်များ အက်ဥပဒေပုဒ်မ ၄၂ ဖြင့် အရေးယူနိုင်ရေး တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်ဟု ၎င်းက Popular News ကို ရှင်းပြသည်။

”အရက်လာပို့သူက အချုပ်သား ရဲ့မိတ်ဆွေပါ”ဟု ရဲအရာရှိက ပြောသည်။

ကျောက်ဆည် တရားရုံးက ထိုသူ့ကို ဒီဇင်ဘာလ ၈ရက်နေ့တွင် အမိန့်ချခဲ့ပြီး၊လက်ရှိတွင် အိုးဘိုထောင်၌ အကျဉ်းကျခံနေရသည်ဟု သိရသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*