တားမြစ်ချက်များကို ဖောက်ဖျက်၊ လိုက်နာမှု မရှိပါက ရဲထံ တိုက်ရိုက် တိုင်ကြားနိုင်သည်ဆိုသော အချက်ကို စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်း တွင် ထည့်သွင်းရေးဆွဲထား

တားမြစ်ချက်များကို ဖောက်ဖျက်၊ လိုက်နာမှု မရှိပါက ရဲထံ တိုက်ရိုက် တိုင်ကြားနိုင်သည်ဆိုသော အချက်ကို စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်း တွင် ထည့်သွင်းရေးဆွဲထား
December 11, 2017 Asian Fame

4:40 pm
တားမြစ်ချက်များကို ဖောက်ဖျက်၊ လိုက်နာမှု မရှိပါက ရဲထံ တိုက်ရိုက် တိုင်ကြားနိုင်သည်ဆိုသော အချက်ကို စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်း တွင် ထည့်သွင်းရေးဆွဲထား

FDA(ရန်ကုန် ၊ ဒီဇင်ဘာ ၁၁)

လာမယ့်နှစ်ဆန်းပိုင်းမှာ ပြန်လည်စတင်မယ့် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးမှာ စားသုံးသူကာကွယ်ရေးဥပဒေကြမ်းကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော်၊ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

” ဒီတစ်ခေါက်ပြန်ဖွင့်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ဒုတိယအကြိမ် သတ္တမပုံမှန်အစည်းအဝေးမှာ စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ဆွေးနွေးသွားဖို့ ရှိတယ်။ အခုက ဥပဒေကြမ်းပဲရှိသေးတဲ့အတွက် ဒီထက်ပိုပြီးတော့မပြောနိုင်သေးဘူး ” လို့ ဦးထွန်းထွန်းဟိန်က
ပြောပါတယ်။

အဲဒီဆွေးနွေးသွားမယ့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်းမှာ လုပ်ငန်းရှင်များကိုကာကွယ်ပေးနေတဲ့ပုဒ်မတွေပါဝင်နေတယ်ဆိုပြီး အရပ်ဘက်စားသုံးသူကာကွယ်ရေးအသင်းကတော့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းထဲပါဝင်တဲ့ ရဲအရေးယူပိုင်ခွင့်ရှိလာ
ဲတဲ့ပြစ်မှုတွေအဖြစ် ပြဌာန်းသွားမယ့်အချက်ကတော့ အရင်ဥပဒေထက်သာလွန်တဲ့အချက်ဖြစ်တယ်လို့ စားသုံးသူကာကွယ်ရေးအသင်းမှ ဥက္ကဌဦးဗအုပ်ခိုင်ကပြောပါတယ်။

ဥပဒေကြမ်းမှာ ပါဝင်တဲ့ အခန်း(၉)၊ပုဒ်မ၂၁(ဂ)(ဃ)၊ အခန်း၂၄၊ပုဒ်မ ၆၆ (က)(ခ)(ဂ)(ဃ) တို့ ဟာ လုပ်ငန်းရှင်ကိုကာကွယ်ပေးနေတဲ့ပုဒ်မတွေဖြစ်နေပြီး အခန်း၂၅ ပြစ်မှုပြစ်ဒဏ်ပိုင်းမှာပြဌာန်းသွားမယ့် ပြစ်ဒဏ်များကလည်း အရင်ဥပဒေလောက် ထောင်ဒဏ်မများခြင်း
နဲ့ ငွေဒဏ်အစားထိုးပေးဆောင်လို့ ရနေခြင်း စတဲ့အချက်တွေကို ကန့် ကွက်တယ်ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီကိုပေးပို့ ထားတယ်လို့ ဦးဗအုပ်ခိုင်ကပြောပါတယ်။

” ဒီလိုမျိုးပုဒ်မတွေက ဘယ်နိုင်ငံရဲ့ စားသုံးသူကာကွယ်ရေးဥပဒေမှာမှမရှိဘူး ။ ဒီဥပဒေအသစ်မှာက ရဲအရေးပိုင်လာတဲ့အမှုအဖြစ်ပြဌာန်းမှာကတော့ ကောင်းတယ်။စားသုံးသူတွေအနေနဲ့ တိုင်ကြားလို့ ရှိရင် ရဲက အရေးယူလို့ ရပြီ ရာဇ၀တ်မှုထဲဝင်သွားပြီ။ပြစ်ဒဏ်မှာကျ အရင်ဥပဒေကထက် ထောင်ဒဏ်ပိုနည်းပြီး ငွေဒဏ်လည်းပေးဆောင်ရမည်လို့ ပါနေတာမကောင်းဘူး။လုပ်ငန်းရှင်ဆိုတာက ငွေဒဏ်ဘယ်လောက်ပေးရပေးရပေးဆောင်မှာ ထောင်တော့ကျချင်မှာမဟုတ်ဘူး။ ထောင်ဒဏ်အပြင် ငွေဒဏ်ဘယ်လောက် ဆိုပြီးဖြစ်ရမှာ။ အ
ခု ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေဆိုတော့ ဒါက တရားရုံးကိုလည်း အဂတိလိုက်စားမှုအားပေးရာရောက်သလိုဖြစ်နေလိမ့်မယ် ” လို့ သူကပြောပါတယ်။

ဒါ့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနက ဥပဒေမူကြမ်းရေးဆွဲစဉ် UMFCCI မှ လုပ်ငန်းရှင်များကိုခေါ်ယူဆွေးနွေးအကြံဥာဏ်ယူခဲ့သော်လည်း အရပ်ဘက်စားသုံးသူကာကွယ်ရေးအသင်းများမှ ဥပဒေပညာရှင်များကိုတော့
ခေါ်ယူဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ ဦးဗအုပ်ခိုင်ကဆိုပါတယ်။

ဆွေးနွေးသွားမယ့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်းမှာ ပြစ်ဒဏ်များကို ထောင်ဒဏ် (၃)လမှ(၂)နှစ်အထိနဲ့ ငွေဒဏ်သိန်း(၃၀)မှသိန်း(၂၀၀၀)အထိ ထည့်သွင်းထားတာတွေ့ ရပါတယ်။ဒါ့အပြင် ဥပဒေကြမ်းမှာ စားသုံးသူကို ကုန်စည်သို့ မဟုတ် ၀န်ဆောင်မှုနဲ့ ပတ်သ
တ်ပြီး အငြင်းပွားမှုဖြေရှင်းနေစဉ် လူမှုကွန်ယက်များပေါ်မှာ လုပ်ငန်းရှင်နစ်နာအောင်ရေးသား၊ပြောဆိုမှုတွေမလုပ်ရဘူးလို့ တားမြစ်ချင်ပါဝင်တာတွေ့ ရပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ စားသုံးသူကာကွယ်ရေးဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကပြဌာန်းခဲ့ပါတယ်။နည်းဥပေ
ဒထွက်ရှိခြင်းတော့မရှိခဲ့ပါဘူး။

ဖြိုးထက်အောင်၊ စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*