အလွတ်ကျက်ဖြေဆိုနေသည့် ပညာရေးစနစ်အစား စဉ်းစားတွေးခေါ်ဖြေဆို ကြမည့်ပညာရေးစနစ်အဖြစ် ပြောင်းလဲကြရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

အလွတ်ကျက်ဖြေဆိုနေသည့် ပညာရေးစနစ်အစား စဉ်းစားတွေးခေါ်ဖြေဆို ကြမည့်ပညာရေးစနစ်အဖြစ် ပြောင်းလဲကြရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
December 8, 2017 Fame Asian

4:49 pm
အလွတ်ကျက်ဖြေဆိုနေသည့် ပညာရေးစနစ်အစား စဉ်းစားတွေးခေါ်ဖြေဆို ကြမည့်ပညာရေးစနစ်အဖြစ် ပြောင်းလဲကြရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

24796298_1626681044042521_3470567299815773819_n

နေပြည်တော် ဒီဇင်ဘာ ၈

မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် အလွတ်ကျက်မှတ်ပြီးဖြေဆိုနေသည့် စနစ်အစား ကလေးငယ်များ၏ စဉ်းစားတွေးခေါ်ချင့်ချိန်နိုင်စွမ်းဖြင့် ဖြေဆိုကြသည့် ပညာရေးစနစ်ကို ပြောင်းလဲ ကြရန် လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၂၀၁၇ ခုနှစ်၊ ပညာရေး ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲမိန်းခွန်းတွင်ထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အခြေခံပညာ ကဏ္ဍအတွက်ပြုပြင်ပြောင်းလည်းရာတွင် “အခြေခံပညာ ကဏ္ဍမှာ အဓိကကျကျ ပြုပြင် ပြောင်းလဲရမယ့် အချက်တွေကတော့ KG+ 12 ပညာရေးစနစ် အဖြစ် ပြောင်းလဲဖို့၊ ကျောင်းထွက်နှုန်း မြှင့်မားနေရတဲ့ အခြေခံ အကြောင်းရင်းများကို ဖြေရှင်းနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့၊ အလွတ် ကျက်မှတ်ရတဲ့ စနစ်ကနေ စဉ်းစား တွေးခေါ်မှုကို အခြေခံတဲ့ ပညာရေး စနစ်ဆီကို ပြောင်းလဲရေး အတွက် ဆရာ/ဆရာမများရဲ့ အရည်အသွေး ပြည့်ဝလာစေဖို့၊ ပညာရေး ကောလိပ်များ အဆင့် မြှင့်တင်ရေး၊ ဘာသာရပ် ဆိုင်ရာ သင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေး တို့ကို ဆောလျင်စွာ ဆောင်ရွက်ဖို့၊ သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းသုံး ဖတ်စာအုပ် များရဲ့ အရည်အသွေး မြှင့်တင်ဖို့နဲ့ ပညာရေး ဆိုင်ရာ အုပ်ချုပ်မှု စွမ်းဆောင်ရည်များ တိုးတက်စေဖို့ တို့ကိုလည်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက ပညာရေးကဏ္ဍမှ မျှော်လင့်ရရှိနိုင်မည့်အချက်များကိုလည်း”ရေရှည် ရင်းနှီး မြှပ်နှံမှု ဖြစ်တဲ့ ပညာရေးဖြင့် ကျွန်မတို့ ယခု ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါးမှု ကနေ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါမယ်။ ပညာရေးဖြင့် မညီမျှမှုများ မတည်ငြိမ်မှုများ ကင်းဝေး ပပျောက်ပြီး တရားဥပဒေ စိုးမိုးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုများကို နိုင်ငံသားများ အားလုံး ရယူခံစားနိုင်ဖို့ မျှော်လင့်နိုင်ပါမယ်။ ပညာရေးဖြင့် ကျွန်မတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးကို ဆတက် ထမ်းပိုး တိုးတက် မြင့်မားလာစေဖို့၊ ပိုမို စည်းလုံး ညီညွတ်စေဖို့၊ ငြိမ်းချမ်း စည်ပင်စေဖို့ မျှော်လင့်နိုင်ပါမယ်။ပညာရေးဖြင့် ပြည်ထောင်စု တိုင်းရင်းသားများရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို တန်းဖိုးထားမြတ်နိုး ထိန်းသိမ်း သွားကြဖို့ မျှော်လင့်နိုင်ပါမယ်။ ပညာရေးဖြင့်သာ နိုင်ငံသားတိုင်း၊ မိသားစုတိုင်း လူတန်းစေ့ ဘဝများကို ပိုင်ဆိုင်ပြီး သာယာပျော်ရွှင်စွာ ရပ်တည်နိုင်ဖို့ မျှော်လင့်ရပါမယ်”ဟု နိုင်ငံတော်အတ်ုင်ပင်ခံပုဂ္ဂိုလ်မှပြောကြားခဲ့သည်။

ယနေ့ကျင်းပသည့်အခမ်းအနားသို့ နိုင်ငံနော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနိုင်ငံတော်သမ္မတ၏ဇနီးဒေါ်စုစုလွင်လည်း တတ်ရောက်ခဲ့သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*