ဂျပန်နိုင်ငံတွင်နှစ်သစ်ကူးပိတ်ရက်ရှည်များ ရှိနေသဖြင့် ယခုတစ်ပတ်အတွင်းကားလေလံအပြိုင်ဆွဲနေကြပြီး လေလံဈေးများမြင့်တက်နေ

ဂျပန်နိုင်ငံတွင်နှစ်သစ်ကူးပိတ်ရက်ရှည်များ ရှိနေသဖြင့် ယခုတစ်ပတ်အတွင်းကားလေလံအပြိုင်ဆွဲနေကြပြီး လေလံဈေးများမြင့်တက်နေ
December 8, 2017 Fame Asian

1:36 pm
ဂျပန်နိုင်ငံတွင်နှစ်သစ်ကူးပိတ်ရက်ရှည်များ ရှိနေသဖြင့် ယခုတစ်ပတ်အတွင်းကားလေလံအပြိုင်ဆွဲနေကြပြီး လေလံဈေးများမြင့်တက်နေ

24862114_1626560954054530_6092001887949380114_n

နေပြည်တော် ဒီဇင်ဘာ (၈)

ယခုလ(၂၀)ရက်နေ့မှစတင်ကာ နှစ်သစ်ကူးပိတ်ရက်ရှည်အဖြစ် ဂျပန်နိုင်ငံတွင်သတ်မှတ်ထားသောကြောင့် ပြည်တွင်းရှိ ကားလေလံဆွဲသူအများစုက ယခုရက်ပိုင်းအတွင်း လေလံဈေးအပြိုင်ပေးကာဝယ်ယူနေကြပြီး လေလံဈေးနှုန်းများမြင့်တက်နေကြောင်း ကားတင်သွင်းသူများထံမှသိရသည်။

“ဂျပန်မှာက ဒီလ(၂၀)ရက်ကနေဇန်နဝါရီလ(၁၀)ရက်နေ့အထိ နှစ်သစ်ကူးပိတ်ရက်ရှည်အဖြစ်သတ်မှတ်ထားလို့ ကားလေလံကုမ္မဏီတွေရော၊သင်္ဘောလိုင်းတွေပါနားထားကြပါတယ်။ဒါကြောင့်ခုလထဲ သင်္ဘောတင်နိုင်အောင် လေလံအပြိုင်ဆွဲနေတော့ ကားဈေးတွေကမြင့်လာတယ်”ဟု ရန်ကုန်မြို့မှ ကားတင်သွင်းသည့်လုပ် ငန်းရှင်ကိုစိုးမြင့်ကဆိုသည်။

လက်ရှိဂျပန်ကားလေလံဈေးကွက်အတွင်းအများဆုံးလေလံဆွဲနေသည့် ကားအမျိုးအစားများမှာ မီနီထရပ်ကားများဖြစ်သည်။(၂၀၁၈)ခုနှစ်တွင် တင်သွင်းခွင့်မရှိတော့သည့် မီနီထရပ်ကားများကို ကားတင်သွင်းသူများက အပြိုင်လေလံဈေးများဖြင့် တင်သွင်းထားပြီး ရှေ့နှစ်အတွင်းရောင်းချနိုင်ရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။

“မီနီထရပ်တွေကလည်းလေလံဈေးကမြင့်ပြီးအပြိုင်ဆွဲနေရပေမယ့် ဒီဖက်ကဈေးကွက်ကတော့အေးစက်နေတာပါဘဲ၊ဈေးနှုန်းမြင့်သွားတော့ နယ်ဝယ်လက်တွေကလည်း အခြေအနေစောင့်ကြည့်နေတဲ့သဘောရှိလို့ အရောင်းအဝယ်တော့မကောင်းဘူး”ဟု မန္တလေးမြို့ရှိ ကားအရောင်းစင်တာပိုင်ရှင်ကိုမင်းဗညားကဆိုသည်။

ပြည်တွင်းဈေးကွက်တွင် လူကြိုက်များပြီးရောင်းအားအကောင်းဆုံးဖြစ်နေသည့် Hijetအမျိုးအစား(၂၀၁၁)မော်ဒယ် မီနီထရပ် ကားတစ်စီး လျှင်ကျပ်သိန်း(၁၂၀)ခန့်အထိ ပေါက်ဈေးရှိနေသည်။

ဂျပန်နိုင်ငံထုတ်ညာမောင်းကားများကို ယခုနှစ်မူဖြင့်သာ တင်သွင်းနိုင်တော့မည်ဖြစ်သဖြင့်နှစ်မကုန်ခင် ကားတင်သွင်းခွင့်လျှောက်ထားမှုကလည်း မြင့်တက်လာနေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*