၆ ကြိမ်​​မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်​​ရေးညီလာခံ ကျင်းပပြုလုပ်

၆ ကြိမ်​​မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်​​ရေးညီလာခံ ကျင်းပပြုလုပ်
December 7, 2017 Fame Asian

11:52 am
၆ ကြိမ်​​မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်​​ရေးညီလာခံ ကျင်းပပြုလုပ်

5

ရန်ကုန် ၊ ဒီဇင်ဘာ ၇

၆ ကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ဒီကနေ့ပြုလုပ်လျက်ရှိပါတယ်။

ယခုနှစ်မှာမြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေး- မဟာဗျူဟာများနဲ့ရှေ့လုပ်ငန်းစဉ် ခေါင်းစဉ်နဲ့ လက်ရှိမျက်မှောက်ခေတ်အခြေအနေ မှာမီဒီယာများရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးကြတာပါ။

“ဒီနိုင်ငံမှာ စတုတ္ထမဏ္ဍိုင်ရှိရဲ့လားလို့ ကမ္ဘာက မေးခွန်းထုတ်တဲ့အခြေအနေဖြစ်နေပြီ ကျွန်တော်တို့နိုင်ငံဟာ ဒီနှစ်မှာဘာဖြစ်ခဲ့တယ် ဘာတွေတိုက်ခိုက်ခံရတယ် ဘာတွေရင်ဆိုင်ရတယ် ဆိုတာအသိ ။ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကုန်လုံးဖြေရှင်းနေကြတယ်ဆိုတာလည်း လူတိုင်းနားလည်တယ်။အဲဒီလိုအချိန်မှာ အဲဒီလိုမေးခွန်းအမေးခံရတာ ကျွန်တော်တော့ဝမ်းမနည်းဘူး ဝမ်းသာတယ် မရှိမှန်းသိတာကလည်း ကောင်းတာပဲ မရှိမှန်းသိရင် ရှိအောင်လုပ်ကြရမှာပဲ” လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။

ညီလာခံကို ၂ ရက်တာကျင်းပသွားမှာဖြစ်ပြီး ကျင့်ဝတ်စောင့်ထိန်းလိုက်နာပြီး ပရော်ဖက်ရှင်နယ်ပီသမှုစောင့်ထိန်းခြင်း၊သတင်းသမားများ ဘေးကင်းလုံခြုံရေးနှင့် ပြစ်ဒဏ်ကင်းလွတ်မှု ရရှိရေးစတဲ့ ခေါင်းစဉ်များကိုပါ ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

ညီလာခံဖွင့်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် နိုင်ငံတော်သမ္မတဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဖေမြင့်တို့ မိန့်ခွန်းပြောကြားဖို့ စီစဉ်ဖိတ်ကြားထားပေမယ့် တက်ရောက်နိုင်ခဲ့ခြင်းမရှိကြပါဘူး။

ဖြိုးထက်အောင်
ဓာတ်ပုံ – အောင်နိုင်စိုး (ကစ္ဆပ)

9

 

6

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*