ဒုတိယတန်းကျောင်းသားတစ်ဦးရဲ့ ပါးကို အချက်ပေါင်းများစွာဆွဲဆိတ်ခဲ့တဲ့ အလယ်တန်းပြဆရာမကို စုံခုံဖွဲ့စစ်ဆေးနေ

ဒုတိယတန်းကျောင်းသားတစ်ဦးရဲ့ ပါးကို အချက်ပေါင်းများစွာဆွဲဆိတ်ခဲ့တဲ့ အလယ်တန်းပြဆရာမကို စုံခုံဖွဲ့စစ်ဆေးနေ
December 7, 2017 Fame Asian

5:47 pm
ဒုတိယတန်းကျောင်းသားတစ်ဦးရဲ့ ပါးကို အချက်ပေါင်းများစွာဆွဲဆိတ်ခဲ့တဲ့ အလယ်တန်းပြဆရာမကို စုံခုံဖွဲ့စစ်ဆေးနေ

24852239_1645741168821492_205762380161285426_n

ရန်ကုန် ၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း ကလေးမြို့ နယ်ထဲက ဒုတိယတန်းကျောင်းသားတစ်ဦးရဲ့ ပါးကို အချက်ပေါင်းများစွာဆွဲဆိတ်ခဲ့တဲ့ အလယ်တန်းပြဆရာမတစ်ဦးကို ဆွဲဆိပ်ခံရတဲ့ ကလေးရှိတဲ့ ဒုတိယတန်းအား စာမသင်ဖို့ တားမြစ်ထားပြီး သူမကို စုံစမ်းစစ်ဆေးနေကာ ရလဒ်တွေထွက်လာရင် အရေးယူသင့်မယူသင့်ဆုံးဖြတ်သွားဖို့ ရှိတယ်လို့ ကလေးခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ကလေး မြို့နယ် အမှတ်(၄) အခြေခံပညာ ကျောင်းမှ ဒုတိယတန်း ကျောင်းသားတစ်ဦးကို မြန်မာစာ မဖတ်တတ်တာကြောင့်ဆိုပြီး အဲဒီ့ဆရာမ က ကလေးပါးပြင်ကို လက်သည်းနဲ့  ဆွဲဆိတ်ခဲ့တာပါ။

ဆရာမဟာ အသက် ၃၃နှစ်ရှိသူဖြစ်ကာ လုပ်သက် ၁၂နှစ် ရှိသူဖြစ်ပြီး၊အခုကျောင်းကို ရောက်လာတာ ၃နှစ်ပဲ ရှိသေးတယ်လို့ ကလေးမြို့နယ်ပညာရေးမှူး ဦးစန်းယုက ပြောပါတယ်။

ကာယကံရှင်ဆရာမအနေနဲ့ လည်း ကလေးမိဘများနဲ့ တွေ့ ဆုံတောင်းပန်ပြီးဖြစ်သလို သက်ဆိုင်ရာဌာနအဆင့်ဆင့်ကိုလည်း နောက်နောင်မပြုလုပ်တော့ပါကြောင်း ၀န်ခံကတိလက်မှတ်ရေးထိုးထားတယ်လို လက်ထောက်ညွှန်ကြားရေးမှူ့းဒေါ်သီသီကပြောပါတယ်။

” ကျွန်မတို့ ခရိုင်ပညာကလည်း ဌာနဆိုင်ရာ ရှေးဦးစုံစမ်းစစ်ဆေးရန် အဆင့်ဆင့်တာဝန်ပေးထားပြီးဖြစ်ပါတယ်။နောက် မြို့ နယ်ပညာကလည်း အစီရင်ခံစာတွေကို တိုင်းပညာအထိတက်ပြီးပါပြီ ” လို့ ၎င်းကပြောပါတယ်။ဒါ့အပြင် ကလေးမြို့ နယ်လွှတ်တော်ကိုယ်စားလှ
ယ်ရုံးကိုလည်းအစီရင်ခံစာတင်ထားတယ်လို့ သိရပါတယ်။

ယင်းဆရာမကို လက်ရှိမှာ ဒုတိယတန်းစာသင်ကြားမှုကိုသာ ခေတ္တရပ်ဆိုင်းထားတာဖြစ်ပြီး ကျန်အတန်းများကိုသင်ကြားမှုကိုတော့ ရပ်ဆိုင်းတယ်လို့ မြို့ နယ်ပညာမှလုပ်ဆောင်ချက်ထဲ မပါဝင်ဘူးလို့ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သီသီကပြောပါတယ်။

” ကျွန်မ ကလေးရဲ့မိဘတွေနဲ့ သွားတွေ့ ဖို့ ရှိပါတယ် ဖြစ်ပြီးမကြာဘူး လုပ်တဲ့ဆရာမကရော ကျောင်းသားမိဘတွေပါခေါ်ပြီး စစ်ဆေးတယ် ထွက်ဆိုချက်တွေကိုလည်း တိုင်းပညာရေးမှူးရုံးကိုပို့ ထားတယ်လို့ သိရပါတယ် မြို့ နယ်ပညာရေးမှူးကိုကျွန်မလှမ်းမေးထားသလောက်ကတော့ ဖေ့ဘုတ်မှာတော့ပွနေတယ် ကျွန်မကတော့ ကျောင်းသားမိဘတွေနဲ့ တွေ့ ချင်သေးတယ်လို့ ပြောထားတယ် သူတို့ စစ်ဆေးချက်ကိုလည်းမိတ္တူတောင်းထာပါတယ် အမှုဖွင့်မယ်တော့ မကြားမိသေးဘူးလို့ ကလေးမြို့ နယ်မှပြည်သူ့ လွှတ်တော်ကိုယ်စား
လှယ် ဒေါ်အေးအေးမူကဆိုပါတယ်။

ကလေးမြို့ နယ်မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်သန့် ဝေကျော်ကတော့ ဌာနတွင်းအရေးယူမှုကိုအမြင့်ဆုံးဆောင်ရွက်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ ” ကျွန်မတို့ လည်းသိသိချင်းဆက်သွယ်မေးမြန်းလိုက်တော့ တကယ်ဖြစ်တာနဲဖေ့ဘုတ်ပေါ်ပြန့် လာတာက ၄-၅ရက်လောက်တော့ကွာတယ် ။ ပြစ်မှုကျုးလွန်တဲ့အထိကို သူလုပ်ထားတာက ဆိုးရွားတယ် ပညာရေးဌာနတွေရဲ့ စစ်ဆေးနေစဉ်မှာလည်း စိတ်ပုံမှန်မရှိဘူးဆိုတဲ့အချက်တွေပါတယ်လို့ တော့ ကျွန်မသိထားပါတယ်” လို့ ပြောပါတယ်။

ယင်းဆရာမကို လက်ရှိမှာ ဒုတိယတန်းစာသင်ကြားမှုကိုသာ ခေတ္တရပ်ဆိုင်းထားတာဖြစ်ပြီး ကျန်အတန်းများကိုသင်ကြားမှုမရပ်ဆိုင်းထားဘူးလို့ ခရိုင်ပညာရေးမှူးရုံးမှသိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*