တစ်နေ့လုပ်‌ခလစာ ၅၆၀၀ကျပ်‌မနည်းသတ်‌မှတ်‌‌ပေး‌ဖို့‌တောင်းဆိုနေကြတဲ့ ကိစ္စမှာ အစိုးရအ‌နေနဲ့ ကြားဝင် ညှိနှိုင်း‌ ပေးတာတွေ လုပ်ဖို့ လိုနေပြီလို့ လုပ်သားခေါင်းဆောင်တစ်ဦးပြောဆို

တစ်နေ့လုပ်‌ခလစာ ၅၆၀၀ကျပ်‌မနည်းသတ်‌မှတ်‌‌ပေး‌ဖို့‌တောင်းဆိုနေကြတဲ့ ကိစ္စမှာ အစိုးရအ‌နေနဲ့ ကြားဝင် ညှိနှိုင်း‌ ပေးတာတွေ လုပ်ဖို့ လိုနေပြီလို့ လုပ်သားခေါင်းဆောင်တစ်ဦးပြောဆို
December 7, 2017 Fame Asian

6:10 pm
တစ်နေ့လုပ်‌ခလစာ ၅၆၀၀ကျပ်‌မနည်းသတ်‌မှတ်‌‌ပေး‌ဖို့‌တောင်းဆိုနေကြတဲ့ ကိစ္စမှာ အစိုးရအ‌နေနဲ့ ကြားဝင် ညှိနှိုင်း‌ ပေးတာတွေ လုပ်ဖို့ လိုနေပြီလို့ လုပ်သားခေါင်းဆောင်တစ်ဦးပြောဆို

24312742_1645762305486045_7544204191718187379_n

ရန်‌ကုန်‌၊ဒီဇင်‌ဘာ ၇

အလုပ်‌သမား‌တွေ တောင်းဆိုနေကြတဲ့ တစ်နေ့လုပ်‌ခလစာ ၅၆၀၀ကျပ်‌မနည်းသတ်‌မှတ်‌‌ပေး‌ဖို့‌ကိစ္စမှာ အစိုးရအ‌နေနဲ့ ကြားဝင် ညှိနှိုင်း‌ ဖြေရှင်းပေးတာတွေ လုပ်ဖို့ လိုနေပြီလို့ အနာဂတ်‌အလင်းတန်းဆုံမှတ်‌အဖွဲ့ ဒါရိုက်‌တာ ‌ဒေါ်သက်‌သက်‌‌အောင်‌က‌တောင်းဆိုပါတယ်‌။

ဒီဇင်ဘာ ၃ရက်နေ့က စလို့ ရန်ကုန်၊မန္တလေး၊စစ်ကိုင်း မှာရှိတဲ့ အလုပ်သမားအချို့ဦးဆောင်ပြီး တစ်နေ့လုပ်‌ခလစာ အနည်းဆုံး ၅၆၀၀ကျပ်‌ထက်‌မနည်း‌ ပေးဖို့၊ရဖို့ တောင်းဆိုမှု‌တွေပြုလုပ်‌နေကြပါတယ်‌။

“တိုင်းပြည်‌ရဲ့ ကုန်‌‌ဈေးနှုန်းအ‌ခြေအ‌နေက မိုးပျံ‌နေတာ။အလုပ်‌သမား‌တွေ မ‌လောက်‌ငကျလို့‌တောင်းဆိုတာပါ။တစ်‌‌နေ့၅၆၀၀ကျပ်‌ဆိုတာ အလုပ်‌သမားတစ်‌ဦးရဲ့ အ‌ခြေခံလိုအပ်‌ချက်‌ကို ဖြည့်‌ဆည်း‌ပေးနိုင်‌သ‌လောက်‌ပဲရှိတယ်‌”လို့‌ အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ ‌ဒေါ်သက်‌သက်‌‌အောင်က ပြောပါတယ်‌။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်က ဒီဇင်ဘာလ ၂၃ရက်နေ့မှာ အလုပ်သမား၊အလုပ်ရှင်၊အစိုးရ တို့ သုံးပွင့်ဆိုင်တွေ့ဆုံဖို့ ရှိတယ်လို့ ပြောပါတယ်။

”အဲ့ကျရင် ဆွေးနွေးကြမယ်၊တစ်ဖက်တည်းကြည့်လို့မရဘူးလေ”လို့ သူက ပြောပါတယ်။

ဒေါ်သက်‌သက်‌‌အောင်‌က‌ စက်‌ရုံအချို့က တစ်‌‌နေ့လုပ်‌ခလစာကို ၄၈၀၀ကျပ်‌ထိ တိုးမြှင့်‌‌ပေးခဲ့ပြီး အချို့စက်‌ရုံ‌တွေက တစ်‌‌နေ့လုပ်‌ခလစာကို ၄၀၀၀ကျပ်‌ပဲ‌ပေးနိုင်‌မယ်‌လို့ ‌ညှိနှိုင်းလာတာ‌တွေရှိ‌ကြောင်းပြောပြပါတယ်‌။

လက်ရှိအချိန်အထိ လုပ်သားတွေ ရနေတဲ့ အနည်းဆုံးတစ်နေ့လုပ်ခက ၃၆၀၀ကျပ် ဖြစ်ပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*