အနိမ့်ဆုံး ပညာအရည်အချင်း သတ်မှတ်ချက်ပြောင်းလဲ လိုက်လို့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း လုပ်သက်ရင့် ယာယီဝန်ထမ်း အများစု အမြဲတန်း ၀န်ထမ်းလျှောက်ခွင့် မရ

အနိမ့်ဆုံး ပညာအရည်အချင်း သတ်မှတ်ချက်ပြောင်းလဲ လိုက်လို့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း လုပ်သက်ရင့် ယာယီဝန်ထမ်း အများစု အမြဲတန်း ၀န်ထမ်းလျှောက်ခွင့် မရ
December 7, 2017 Asian Fame

11:50 am
အနိမ့်ဆုံး ပညာအရည်အချင်း သတ်မှတ်ချက်ပြောင်းလဲ လိုက်လို့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း လုပ်သက်ရင့် ယာယီဝန်ထမ်း အများစု အမြဲတန်း ၀န်ထမ်းလျှောက်ခွင့် မရ

YayNan(ချောက် ၊ ဒီဇင်ဘာ ၇)

ပညာအရည်အချင်း အလယ်တန်းအဆင့် ဆိုပြီး ကန့်သတ်လိုက်လို့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း လက်အောက်က လုပ်သက်ရင့်ယာယီ ၀န်ထမ်း အများစု အမြဲတန်းဝန်ထမ်းအဖြစ်လျှောက်ခွင့်မရဖြစ်နေပါတယ်။

မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း လက်အောက်မှာ လစ်လပ်နေတဲ့ ၀န်ထမ်းနေရာ ၃၅၄ နေရာကိုခန့်အပ်ထားရှိဖို့ လက်ရှိလုပ်ကိုင်နေတဲ့ ယာယီဝန်ထမ်းအများစု အပြင် အပြင်က လျှောက်ထားလိုသူတွေပါလျှောက်ထားနိုင်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ အလုပ်ခေါ်ခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်ခေါ်ရာမှာ (၁) အနိမ့်ဆုံးပညာအရည်အချင်းအခြေခံပညာအလယ်တန်းအောင်ဖြစ်ရမည် (ခ) နေ့စားဝန်ထမ်းများမှ လုပ်သက် ၅ နှစ်ရှိပြီး လုပ်ငန်းခွင်တွင်ရိုးသားကြိုးစားစွာတာဝန်ထမ်းဆောင်နေသူဖြစ်ပါက အသက် ၄၅ နှစ်အထိ ခွင့်ပြုမည် ဆိုတဲ့ အချက် ၂ ချက်ပါဝင်လာပါတယ်။

ဒီအချက် ၂ ချက်ကြောင့် လက်ရှိ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀ါရင့်သက်တမ်းရင့် ယာယီဝန်ထမ်းအများစု အနေနဲ့ အမြဲတန်းဝန်ထမ်းအဖြစ် ၀င်ရောက်လျှောက်ထားလို့ မရဖြစ်နေတယ်လို့ ရေနံမြေလုပ်သားတွေထံကနေသိရပါတယ်။

“လုပ်သားကြီးတွေက ယာယီဝန်ထမ်းလုပ်လာတာ လုပ်သက် ၁၅ နှစ် ၊ ၁၈ နှစ် ၊ အနှစ်၂၀ တွေရှိကြပြီ။ ဒါပေမဲ့ အလုပ်စခန့်တုန်းက ပညာအရည်အချင်းမသတ်မှတ်ထားဘူးလေ။ အခုက ၈ တန်းအောင်ဆိုတော့ လျှောက်လို့မရဖြစ်နေတယ်။ နောက်တစ်ခုက အသက်ကိစ္စ ။ အဲ့ဒီထက် အသက်ကြီးတဲ့ ၀ါရင့်လုပ်သက်ရင့် တွေ အတွက်အခက်အခဲဖြစ်နေတယ်” လို့ ရေနံချောင်းမြို့ ရွှေ့ရေနံသာ အခြေခံအလုပ်သမားအဖွဲ့အစည်း ရဲ့ အလုပ်သမားကိုယ်စားလှယ် ဦးလေးနိုင်က ပြောပါတယ်။

ဒီအတွက် လုပ်သက်ရင့် ယာယီဝန်ထမ်းသမားတွေဟာ အရင်အစိုးရအဆက်ဆက် ခန့်အပ်ခဲ့တဲ့ ယာယီဝန်ထမ်းတွေဖြစ်တဲ့အတွက် ၊ အဆင်ပြေစေဖို့ အထက်ပါ အချက် ၂ ချက်ကိုဖြေလျော့ပေးစေလိုကြောင်း စာကိုလည်း ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းလက်အောက်မှာရှိတဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ၀န်ကြီးဌာနထံ ပေးပို့ဖို့စီစဉ်နေကြပါတယ်။

“လုပ်သက်တွေကများနေပြီ။ ဒါပေမဲ့ အမြဲတန်းဝန်ထမ်းမဖြစ်သေးဘူး။ တစ်ကယ်လို့ အသက် ၆၀ ပြည့် ပင်စင်ယူတဲ့အခါ ဘာခံစားခွင့်မှရမှာမဟုတ်တော့ဘူး။ အဲ့ဒီတော့ အားလုံးအခက်အခဲတွေဖြစ်ကြလိမ့်မယ်” လို့ ချောက်ရေနံမြေက အလုပ်သမားခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။

လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြန်မာ့ရေနံသဘာဝဓါတ်ငွေ့လုပ်ငန်းလက်အောက်မှာ လုပ်သက်ရင့် ယာယီဝန်ထမ်း ၄၅၀ ကျော်ရှိနေတယ်လို့ ရေနံနဲ့သဘာဝဓါတ်ငွေ့အလုပ်သမားအဖွဲ့အစည်းတွေထံကရရှိတဲ့စာရင်းတွေအရသိရပါတယ်။

ဒီဝန်ထမ်းတွေအားလုံးကတော့ အထက်ပါအချက် ၂ ချက်ကိုဖြေလျော့ပြီး ယာယီဝန်ထမ်းအဖြစ်ကနေ အမြဲတန်းဝန်ထမ်းအဖြစ် ဦးစားပေးခန့်အပ်ပေးဖို့ မျှော်လင့်နေကြပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*