လူတစ်ဦးချင်း ဖရီးပါမစ်ဖြင့် ကားတင်သွင်းခွင့်ပါမစ်လျှောက်ထားသူများပြားနေပြီး လိုအပ်ပါက ဝန်ထမ်းအင်အားထပ်တိုးရန် စီစဉ်ထား

လူတစ်ဦးချင်း ဖရီးပါမစ်ဖြင့် ကားတင်သွင်းခွင့်ပါမစ်လျှောက်ထားသူများပြားနေပြီး လိုအပ်ပါက ဝန်ထမ်းအင်အားထပ်တိုးရန် စီစဉ်ထား
December 5, 2017 Fame Asian

11:56 am
လူတစ်ဦးချင်း ဖရီးပါမစ်ဖြင့် ကားတင်သွင်းခွင့်ပါမစ်လျှောက်ထားသူများပြားနေပြီး လိုအပ်ပါက ဝန်ထမ်းအင်အားထပ်တိုးရန် စီစဉ်ထား

2

နေပြည်တော် ဒီဇင်ဘာ ၅

(၂၁၀၇)မူဝါဒဖြင့် လူတစ်ဦးချင်းဖရီးပါမစ်လျှောက်ထား ခြင်းကို ယခုလ(၁၅)ရက်နေ့နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်သဖြင့် လာရောက်လျှောက်ထားသူများမှာနေ့စဉ်များပြားလျှက်ရှိနေပြီးဝန်ထမ်းအင်အားမလုံလောက်ပါက ထပ်တိုးချထားပေးရန်စီစဉ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

“အရင်နှစ်ကလည်းဒီဇင်ဘာဆိုရင် ကားပါမစ်လျှောက်တာတွေက စုပြုံများလာတတ်ပါတယ်။ဒါကြောင့်သက်ဆိုင်ရာဌာနက ဝန်ထမ်းတွေနဲ့မလောက်ရင် အင်အားတိုးပြီးလုပ်ပေးရတာပါဘဲ။ခုနှစ်လည်း အရမ်းများပြီးမနိုင်ရင် ဝန်ထမ်းအင်အားတိုးပြီးဆောင်ရွက်ပေးသွားမှာပါ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကဆိုသည်။

ယခုနှစ် မူဝါဒဖြင့်သာ ဂျပန်တစ်ပတ်ရစ်ကားများကိုတင်သွင်းနိုင်မည်ဖြစ်သဖြင့် လူတစ်ဦးချင်းဖရီးပါမစ်အပါအဝင် စလစ်ကပ်လျှောက်ထားခြင်း၊ကုမ္မဏီလိုင်စင်များဖြင့်လျှောက်ထားခြင်းများ ကို ဒီဇင်ဘာလအတွင်း အများအပြားလျှောက်ထားနေခြင်းဖြစ်သည်။

လူတစ်ဦးချင်းဖရီးပါမစ်ဖြင့်လျှောက်ထားရာတွင် အများစုမှာ လုပ်ငန်းသုံး မီနီထရပ်ကားများကို အဓိကလျှောက်ထားနေကြသည်။

မီနီထရပ်ကားပါမစ်များကို ကုမ္မဏီလိုင်စင်ဖြင့် တစ်လလျှင်တစ်စီးနှုန်းသာခွင့်ပြုပေးခဲ့သည့်အတွက် ဝယ်လိုအားများနေသောကြောင့် လူတစ်ဦးချင်းကားတင်သွင်းခွင့်ကို အသုံးပြုကာ လျှောက်ထားနေကြခြင်းဖြစ်သည်။

လူတစ်ဦးချင်းဖရီးပါမစ်ဖြင့်လျှောက်ထားရာတွင် မှတ်ပုံတင်သန်းခေါင်စာရင်းမူရင်းများဖြင့်ဘဏ်စာရင်းဖွင့်လှစ်ကာလူကိုယ်တိုင်လာရောက်လျှောက်ထားရခြင်းဖြစ်ပြီး ဒေသအသီးသီးမှ လာရောက်လျှောက်ထားနေကြခြင်းဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*