ယာဉ်ကြောကြပ်တည်းပိတ်ဆို့ တဲ့အတွက် ပုဇွန်တောင်မြို့ နယ်အတွင်းက လမ်း(၁၅)လမ်းကို တစ်လမ်းမောင်းသတ်မှတ်သွားဖို့ စီစဉ်နေ

ယာဉ်ကြောကြပ်တည်းပိတ်ဆို့ တဲ့အတွက် ပုဇွန်တောင်မြို့ နယ်အတွင်းက လမ်း(၁၅)လမ်းကို တစ်လမ်းမောင်းသတ်မှတ်သွားဖို့ စီစဉ်နေ
December 1, 2017 Asian Fame

4:55 pm
ယာဉ်ကြောကြပ်တည်းပိတ်ဆို့ တဲ့အတွက် ပုဇွန်တောင်မြို့ နယ်အတွင်းက လမ်း(၁၅)လမ်းကို တစ်လမ်းမောင်းသတ်မှတ်သွားဖို့ စီစဉ်နေ

1

ရန်ကုန် ၊ ဒီဇင်ဘာ ၁

ယာဉ်ကြောကြပ်တည်းပိတ်ဆို့ လို့ ပုဇွန်တောင်မြို့ နယ်အတွင်းမှ လမ်း(၁၅)လမ်းကို တစ်လမ်းမောင်းစနစ်အဖြစ် ပြောင်းလဲသွားမှတ်သွားဖို့ စီစဉ်နေတယ်လို့ လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကပြောပါတယ်။ပုဇွန်တောင်မြို နယ်အတွင်းမှာရှိတဲ့အထက်ပုဇွန်တောင်
လမ်း၊၅၃လမ်း၊၅၄လမ်း၊၅၅လမ်း၊၅၆လမ်း၊ဇီဇ၀ါလမ်း၊ဒေါနလမ်း၊ယုဇနလမ်း၊၀တ်ကျောင်းလမ်း၊မြောင်းကြီးလမ်း၊ဦးရွှေဂွန်းလမ်း၊၄၉လမ်း၊လမ်း၅၀၊၅၁လမ်းနဲ့ ၅၂ လမ်းတို့ ကို တစ်လမ်းမောင်းစနစ်အဖြစ်ပြောင်းလဲသတ်မှတ်သွားမှာဖြစ်ပြီးတော့ တိုင်းအစိုးရအဖွဲ့ ရဲ့အစည်း
အဝေးဆုံးဖြတ်ချက်ရရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းတံတား)မှ လိုအပ်တဲ့ ဆေးရေးအမှတ်အသားများ လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လျှပ်စစ် စက်မှုလက်မှုနှင့်လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒေါ်နီလာကျော်ကပြောပါတယ်။

”ကွင်းဆင်းစစ်ဆေး တွေ့ ရှိချက်တွေအရ ဖော်ပြပါလမ်းတွေကို နှစ်လမ်းမောင်းတွေကို တစ်လမ်းမောင်းစနစ်ကိုပြောင်းလဲဆောင်ရွက်တာက လက်ရှိယာဉ်သွားလာရတာ ကြပ်တည်းမှုကို ဖြေလျော့နိုင်ဖို့ အတွက်နဲ့ ပိုမိုကြပ်တည်းလာမှုတွေအပေါ်မူတည်ပြီးပြုပြင်သင့်တာ
တွေကို ပြုပြင်သွားဖို့ အစီအစဉ်ရှိပါတယ်” လို့ သူမကပြောပါတယ်။

ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ”ပုဇွန်တောင်မြို့နယ်အတွင်းရှိ နှစ်လမ်းမောင်းလမ်းများ အား တစ်လမ်းမောင်းစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်ကာလတွင်ဆောင်
ရွက်ပေးမည်၊ မရှိပါက အဘယ့်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း” မနေ့ က (နိုဝင်ဘာလ ၃၀ရက်) ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မေးမြန်းခဲ့ရာမှာ တိုင်းအစိုးရအဖွဲ့ က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်
စားလှယ် ဦးခင်မောင်ဝင်းက ပုဇွန်တောင်မြို့ နယ်အတွင်းရှိ ရပ်ကွက်များမှ လူထုများနဲ့ တွေ့ ဆုံပွဲများပြုလုပ်ရာမှာ ယခုလိုသတ်မှတ်ပေးဖို့ ပြည်သူများက တင်ပြခြင်းဖြစ်တယ်လို့ သူကပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က အမှတ်(၃၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ယာဉ်စည်းကမ်းရုံးအဖွဲ့၊ အင်ဂျင်နီယာဌာန(လမ်းတံတား)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပုဇွန်တောင်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊အမှတ် (၂/၇/၈/၉/၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆင်းကြည့်ရှု့ ခဲ့ရာမှာ ပုဇွန်တောင်မြို့ နယ်အတွင်းမှရေကျော်လမ်းမကြီးကို အထက်ပုဇွန်တောင်လမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းသို့ တစ်လမ်းမောင်း ၊ အမှတ်(၂)ရပ်ကွက်၊ (၅၃)လမ်းနှင့် (၅၄)လမ်းကို အနော်ရထာလမ်းမှ အဝင် တစ်လမ်းမောင်း၊ (၅၅)လမ်းနဲ့  (၅၆)လမ်းကိုဗန္ဓုလလမ်းမှ အ၀င်တစ်လမ်းမောင်း၊ အမှတ်(၉) ရပ်ကွက် ဇီဇဝါလမ်း၊ ဒေါနလမ်း၊ ယုဇနလမ်းတို့ ကို ရေကျော်လမ်းမကြီးမှ အဝင်တစ်လမ်းမောင်း၊ဝတ်ကျောင်းလမ်းကို ရေကျော်လမ်းမကြီးသို့ အထွက်တစ်လမ်းမောင်း၊ မြောင်းကြီးလမ်းကို ဝဲ/ယာ တစ်လမ်းမောင်း၊ အမှတ်(၇)ရပ်ကွက်မှာ ရွှေဘုန်းပွင့်ဘုရားရှေ့ဦးရွှေဂွန်းလမ်းကို ရေကျော်လမ်းမကြီးမှ အ၀င်တစ်လမ်းမောင်း၊ အမှတ် (၁၀)ရပ်ကွက်ရှိ (၄၉)လမ်းနဲ့ လမ်း(၅၀) ကိုအနော်ရထားလမ်းမှ အဝင်တစ်လမ်းမောင်း၊(၅၁)လမ်းနဲ့  (၅၂)လမ်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ အဝင်တစ်လမ်းမောင်းအဖြစ်ဆောင်ရွက်သွားဖို့ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*