ဦးဥာဏ်ဝင်း ဦးဆောင်တဲ့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ ၀န်ထမ်းဖွဲ့ စည်းပုံ အတွက် အစည်းအဝေး လုပ်

ဦးဥာဏ်ဝင်း ဦးဆောင်တဲ့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ ၀န်ထမ်းဖွဲ့ စည်းပုံ အတွက် အစည်းအဝေး လုပ်
November 30, 2017 Asian Fame

5:13 pm
ဦးဥာဏ်ဝင်း ဦးဆောင်တဲ့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ ၀န်ထမ်းဖွဲ့ စည်းပုံ အတွက် အစည်းအဝေး လုပ်

UNyanWin(ရန်ကုန်၊ နိုဝင်ဘာ ၃၀)

မကြာသေးခင်က ဖွဲ့ စည်းလိုက်တဲ့ ဦးဥာဏ်ဝင်းဦးဆောင်တဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးမှာ ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေးကို ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။သက်ဆိုင်ရာကိုတင်ပြသွားဖို့ အတွက် ၀န်ထမ်းဖွဲ့ စည်းပုံကို ဆွေးနွေးခဲ့ကြတယ်လို့ ဦးဥာဏ်ဝင်းကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

”အဓိကအားဖြင့်တော့ ဖွဲ့ စည်းပုံကိုပဲ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဝန်ထမ်းဖွဲ့ စည်းပုံပြီးမှ သက်ဆိုင်ရာကိုတင်ပြပြီးရင် အဖွဲ့ အနေနဲ့ ရှေ့ လုပ်ငန်းစဉ်တွေဆက်လုပ်လို့ ရမှာ။ အစည်းအဝေးက ဘယ်နှစ်ရက်တစ်ကြိမ်ရယ်ဆိုပြီး ပုံမှန်တော့သတ်မှတ်မထားပါဘူး” လို့ သူကပြောပါတယ်။

အစည်းအဝေးကို ဦးဥာဏ်ဝင်းအပါအ၀င် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်၊ အဖွဲ့ဝင် ဦးကျော်ဟိုး၊ ဦးကျော်စိုးဗိုလ်(ခ)ဦးကျော်စိုး နှင့် ဒေါ်နန်းခမ်းအုံတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရဲ့ ဥက္ကဌအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုဝင်ဘာလ ၁၆ ရက်နေ့ ကခန့် အပ်လိုက်ခဲ့တာဖြစ်ပါတယ်။အခုအဖွဲ့ ဟာ ဥပဒေဆိုင်ရာအထောက်အကူပေးရေးလုပ်ငန်းတွေအတွက် မူဝါဒချမှတ်ခြင်း၊ ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိတဲ့ အမှုများကိုသတ်မှတ်ခြင်း၊ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများကိုဆင်းရဲနွမ်းပါးသူအဖြစ်မှတ်ယူရမည့်အချက်များသတ်မှတ်ခြင်း စသည်ဖြင့် လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေမှာဖော်ပြထားပါတယ်။ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ကို ဦးဥာဏ်ဝင်းအပါအ၀င် အဖွဲ့ ဝင် ( ၁၃) ဦးနဲ့ ဖွဲ့ စည်းခဲ့တာဖြစ်ပြီးတော့ ညွှန်ကြားရေးမှူးများနဲ့ တရားလွှတ်တော်ရှေ့ နေများ အများစုပါဝင်ကြပါတယ်။

ဖြိုးထက်အောင်
Photo – NLD

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*