ကျောက်မဲမြို့ရှိ အမြှောက်တပ်ရင်းနား လက်လုပ်မိုင်းပေါက်ကွဲ၍ ခြံစည်းရိုးအစိတ်အပိုင်းအချို့ပြိုကျ

ကျောက်မဲမြို့ရှိ အမြှောက်တပ်ရင်းနား လက်လုပ်မိုင်းပေါက်ကွဲ၍ ခြံစည်းရိုးအစိတ်အပိုင်းအချို့ပြိုကျ
November 29, 2017 Asian Fame

11:52 am
ကျောက်မဲမြို့ရှိ အမြှောက်တပ်ရင်းနား လက်လုပ်မိုင်းပေါက်ကွဲ၍ ခြံစည်းရိုးအစိတ်အပိုင်းအချို့ပြိုကျ

ကျောက်မဲ၊ နိုဝင်ဘာ ၂၉

ကျောက်မဲမြို့အခြေစိုက်အမြှောက်တပ်ရင်း အနီးလက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး တပ်ရဲ့ ခြံစည်းရိုး ၁၀ပေလောက်ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ကျောက်မဲရဲစခန်းကနေသိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့က ညပိုင်းကဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတော့မရှိကြောင်းကျောက်မဲရဲစခန်းရဲ့တာဝန်ကျတာဝန်မှူးကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“လက်လုပ်မိုင်းလာထားထားတာ။ ဘယ်သူထားသွားတာလဲ ဆိုတာတော့ မသိသေးဘူး။ မိုင်းရှင်းလင်းရေးလုပ်ပြီးပြီ။ ကျန်တာကိုတော့ တပ်နဲ့ကျွန်တော်တို့ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ စုံစမ်းစစ်ဆေးနေတုန်းပါပဲ” လို့ အဆိုပါ တာဝန်မှူးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကတော့ ကျောက်မဲမြို့အခြေစိုက် အမြှောက်တပ်ရင်း ၃၅၂ ခြံစည်းရိုးအနားမှာဖြစ်ပါတယ်။

ပေါက်ကွဲအားပြင်းထန်တယ်လို့လည်း ဒေသခံတွေကပြောဆိုနေကြပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း မိုင်းရှင်းလင်းရေးပြုလုပ်စဉ် အမြောက်တပ်ရှေ့ နန္ဒမာလာပန်းခြံအနားမှာ မပေါက်ကွဲသေးတဲ့လက်လုပ်မိုင်း တစ်လုံးကို ထပ်မံတွေ့ရှိခဲ့ရပါသေးတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*