မွန်ပြည်သစ်ပါတီ(NMSP) NCA လက်မှတ်ထိုး/မထိုး တစ်လအတွင်း အဖြူအမဲသည်းကွဲမည်ဟုဆို

မွန်ပြည်သစ်ပါတီ(NMSP) NCA လက်မှတ်ထိုး/မထိုး တစ်လအတွင်း အဖြူအမဲသည်းကွဲမည်ဟုဆို
November 29, 2017 Asian Fame

4:39 pm
မွန်ပြည်သစ်ပါတီ(NMSP) NCA လက်မှတ်ထိုး/မထိုး တစ်လအတွင်း အဖြူအမဲသည်းကွဲမည်ဟုဆို

nca(မော်လမြိုင် ၊ နိုဝင်ဘာ ၂၉)

မွန်ပြည်သစ်ပါတီ(NMSP) NCA လက်မှတ်ထိုး/မထိုး တစ်လအတွင်းအဖြူအမဲသည်းကွဲမယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့ တံခါးပိတ်ဆွေးနွေးပွဲအပြီးမှာ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်တဲ့ အဖွဲ့နဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ ဦးဆောင်တဲ့အဖွဲ့ဟာ ရေးမြို့နယ် ပုပ္ဖ၀တီကျေးရွာ ပုပ္ဖ၀တီသာသနာပြုနယ်မြေ ကိုရင်လေးကျောင်းမှာတံခါးပိတ်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“ဒီဇင်ဘာ နောက်ဆုံးအပတ်လောက်ကျရင် ကျွန်တော်ပြောပြလို့ရပါပြီ။ ဆွေးနွေးပွဲက တံခါးပိတ်ဆွေးနွေးပွဲပါ။ ၀န်ကြီးချုပ်ကလည်း ဆွေးနွေးပွဲနဲ့ပတ်သတ်ပြီး ဘာမှ ထုတ်မပြောဖို့ ပြောထားပါတယ်။ တစ်လအတွင်းတော့ အဖြူအမဲသည်းကွဲပါမယ်။ NCA စာချုပ်လက်မှတ် ထိုး/မထိုးရော တစ်ခြားတွေရော ” လို့ ဒေါက်တာမင်းစိုးလင်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဆွေးနွေးပွဲကို NMSP ဘက်က ဒုဥက္ကဌ နိုင်ဟံသာ နဲ့ နိုင်ရွှေသိန်း၊ နိုင်ဗညာလယ်၊ နိုင်ဇွဲယျ တို့ တက်ရောက်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနဲ့အတူ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၊ ရေးမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း လို့ တက်ရောက်ခဲ့ပါတယ်။

တံခါးပိတ်ဆွေးနွေးပွဲအပြီး စောင့်နေတဲ့မီဒီယာတွေရဲ့ မေးမြန်းမှုကိုလည်း မွန်ဝန်ကြီးချုပ်အပါအ၀င် NMSP ဘက်က တစ်စုံတစ်ရာဖြေကြားသွားခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

တံခါးပိတ်ဆွေးနွေးပွဲနဲ့ပတ်သတ်ပြီး NMSP ရဲ့မဟာမိတ်ဆက်ဆံရေးဌာန က နိုင်အောင်မငေး က “ပြီးခဲ့တဲ့ ဆွေးနွေးပွဲတုန်းက တစ်ဆို့ခဲ့တယ်ပေါ့နော်။ ဒါကိုနည်းလမ်းရှာပြီး ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ ၊ ကျွန်တော်တို့ ရဲ့ အရေးပေါ်အစည်းအဝေး မှာ ဆွေးနွေးရရှိတဲ့အချက်တွေကို တပ်ပေါင်းစု UNFC ကိုတင်ပြပြီး ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ချက်တွေရှိပါတယ်။ ၀န်ကြီးချုပ်ကလည်း ကျွန်တော်တို့ အရေးပေါ်အစည်းအဝေးမှာဘာတွေ ရလဲဆိုတာလာမေးတာပါ” လို့ ပြောပါတယ်။

အခု နိုဝင်ဘာလအတွင်းက မွန်ပြည်သစ်ပါတီက ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ UNFC အဖွဲ့ ရဲ့ညှိနှိုင်းရေး DPN နဲ့အစိုးရကြားတွေ့ဆုံဆွေးနွေးဖို့ ဆောင်ရွက်ခဲ့ပေမယ့် တွေ့ဆုံဆွေးနွေးပွဲဟာပျက်သွားခဲ့ပါတယ်။

ဘာကြောင့်တွေ့ဆုံဆွေးနွေးပွဲပျက်သွားတယ်ဆိုတာကိုတော့ နှစ်ဖက်တာဝန်ရှိသူတွေက တိတိကျကျထုတ်ဖော်ပြောဆိုထားတာမရှိဘူးပါဘူး။

နှစ်ဦးနှစ်ဖက်အဆင်သင့်ပြန်ဖြစ်ရင်တော့ တွေ့ဆုံသွားမယ်လို့ နိုင်အောင်မငေးက ဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကို လာမယ့် ၂၀၁၈ ခုနှစ် ၁ လပိုင်းနောက်ဆုံးအပတ်မှာ ကျင်းပသွားဖို့ အစိုးရက ကြေညာလိုက်ြ့ပီဖြစ်ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*