သန်လျင်မြို့နယ်ထဲက ဇာမဏီဆည် တာပေါင်ကျိုးပေါက်မှု ဘေးသင့်ပြည်သူ ၁၅၇ ဦးရှိခဲ့

သန်လျင်မြို့နယ်ထဲက ဇာမဏီဆည် တာပေါင်ကျိုးပေါက်မှု ဘေးသင့်ပြည်သူ ၁၅၇ ဦးရှိခဲ့
November 29, 2017 Asian Fame

11:07 am
သန်လျင်မြို့နယ်ထဲက ဇာမဏီဆည် တာပေါင်ကျိုးပေါက်မှု ဘေးသင့်ပြည်သူ ၁၅၇ ဦးရှိခဲ့

(ရန်ကုန် ၊နိုဝင်ဘာ ၂၉)

ယမန်နေ့ မနက်ပိုင်းက ဖြစ်ခဲ့သော ရန်ကုန်၊သန်လျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာအပိုင် ဇာမဏီဆည် ကျိုးပေါက်မှုဖြစ်စဉ်၌ ဘေးသင့်ပြည်သူ ၁၅၇ ဦးရှိခဲ့သည်ဟု လူကယ်ပြန်ဝန်ကြီးဌာနက ပြောသည်။

ဆည်တာပေါင်ကျိုးပေါက်မှုကြောင့် လက်ယက်စမ်းကျေးရွာ အနောက်ဘက်ခြမ်းရှိ နေအိမ် အလုံး၇၀ကျော် ထဲသို့ ရေများစီးဆင်းဝင်ရောက်ခဲ့၍ ပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။

ယင်းဘေးသင့်ပြည်သူတို့ကို လက်ရှိတွင် သက်ဆိုင်ရာက ဘေးလွတ်ရာသို့ ခေတ္တရွှေ့ပြောင်းထားပြီး၊အစိုးရက ဆန်ရိက္ခာ(၁၄)ရက်စာဖိုးအပါအ၀င်ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးထားသည်။

ရေလျှံမှုကြောင့် ကျေးရွာအတွင်းက နေအိမ်များရေနစ်မြှပ်မှုအခြေအနေမှာ၂ပေနှင့်၃ပေသာ ရှိပြီး၊အနိမ့်ပိုင်းရှိနေအိမ်များတွင်မူ ရေက ၄ပေအထိ ၀င်ရောက်ခဲ့သည်ကိုတွေ့ရသည်။

နိုဝင်ဘာ ၂၉ရက်နေ့ မနက်ပိုင်းအချိန်အထိ ကျေးရွာအတွင်းသို့ ရေဆက်တိုးဝင်မှုမရှိတော့ပေ။

အချို့သော နေရာတို့တွင် ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်သည်။

ဒေသဆိုင်ရာရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဆည်မြောင်းဌာနတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များအရဇာမဏီဆည်၏ အရှေ့ဘက်ခြမ်း(လက်ယက်စမ်းကျေးရွာဘက်) မြေသားဆည်ကန်ပေါင်ထူးပေါက်ရာမှာဆည်အတွင်းရှိ ရေအရှိန်ကြောင့် တဖြည်းဖြည်းကျယ်သွားပြီး ဆည်တာပေါင်(၁၅)ပေခန့် ကျိုးသွားခြင်းဖြစ်သည်ဟု သိရသည်။

ဇာမဏီဆည် သည် မူလက အင်းဖြစ်ပြီး ၁၉၉၄-၉၅ ခုနှစ်အရောက်မှာမှ ဒေသခံများသောက်သုံးရေအတွက် ရေလှောင်တမံအဖြစ်စတင်ဆောင်ရွက်ခဲ့သည့် ဆည်တစ်ခုဖြစ်သည်။

စီးဆင်းလာသည့်ရေကို လှောင်ထားသည့် ရေလှောင်တမံပုံစံမျိုးမဟုတ်ဘဲ အင်းကိုရေလှောင်တမံအသွင်ပြန်လုပ်ထားသည့် ဆည်ဖြစ်သည်။

ဇာမဏီဆည်၏ ရေဆင်းဧရိယာက ၁၇၉၃ ဧကရှိပြီး ၊ ရေလှောင် တမံ အမြင့် မှာ ၁၉ ပေရှိသည်ဟု သိရသည်။

MTA
ဓါတ်ပုံ-ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*