YBS ယာဉ်လိုင်း အတွင်းပြေးဆွဲနေသည့် တစ် ဦးပိုင်ယာဉ်များ အားလုံးကို အများပိုင် ကုမ္ပဏီအဖြစ် ၂၀၁၈(၁)လပိုင်း နောက်ဆုံးထား ဖွဲ့စည်းရမည်

YBS ယာဉ်လိုင်း အတွင်းပြေးဆွဲနေသည့် တစ် ဦးပိုင်ယာဉ်များ အားလုံးကို အများပိုင် ကုမ္ပဏီအဖြစ် ၂၀၁၈(၁)လပိုင်း နောက်ဆုံးထား ဖွဲ့စည်းရမည်
November 27, 2017 Asian Fame

3:43 pm
YBS ယာဉ်လိုင်း အတွင်းပြေးဆွဲနေသည့် တစ် ဦးပိုင်ယာဉ်များ အားလုံးကို အများပိုင် ကုမ္ပဏီအဖြစ် ၂၀၁၈(၁)လပိုင်း နောက်ဆုံးထား ဖွဲ့စည်းရမည်

car(ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက်)

YBS ယာဉ်လိုင်းအတွင်း ပြေးစွဲနေသည့် ယာဉ်များအားလုံးကို အများပိုင်ကုမ္မဏီအဖြစ် လာမည့်နှစ် (၁)လပိုင်းနောက်ဆုံးထားပြောင်းလဲရန် ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှသိရသည်။

“အများပိုင် ကုမ္မဏီဆိုပြီးလုပ်ဖို့ပြောရတာက အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုအပိုင်းတွေမှာထိရောက်မြန်ဆန်အောင်လို့ပါ၊ကိုယ့်ကားကို လုပ်နေတာထက်အဖွဲ့အစည်းနဲ့ဖြစ်တော့ ပိုပြီးလည်းတိုးတတ်အောင်လုပ်နိုင်ပါမယ်။ဒါကြောင့် တစ်လပိုင်းမကုန်ခင်အပြီးဖွဲ့စည်းကြရမှာပါ”ဟု YRTAမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အများပိုင်ကုမ္မဏီအဖြစ် ဖွဲ့စည်းပြီး YBS ယာဉ်လိုင်းအတွင်း ပြေးစွဲရာတွင် ယာဉ်ပိုင်ရှင်များအတွက် မိမိအဆင်ပြေသင့်တော်မည့် ယာဉ်လိုင်းသို့ဝင်ရောက်ပြေးစွဲနိုင်မည်ဖြစ်သည်။ထို့အပြင်YBS ယာဉ်လိုင်းအတွင်းရှိ ကားများကိုကတ်စနစ်ဖြင့် ငွေပေးချေမှုများကို လည်း ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းတွင်စတင်နိုင်မည်ဖြစ်သည်။

လက်ရှိ ရန်ကုန်မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေသည့် YBSယာဉ်အစီးရေ (၄၂၀၀)ခန့်ရှိနေပြီး ကြံ့ခိုင်မှုနှင့်မြို့ပြအမြင်တွင်မသင့်တော် တော့သည့် ယာဉ်များအစား ယာဉ်အသစ်များဖြင့်ပြေးစွဲရန် ဆောင်ရွက်နေသည်။

အများပိုင်ကုမ္မဏီများဖွဲစည်းပြီး ပြေးစွဲရာတွင်လိုက်နာရမည့်စည်းကမ်းများ သတ်မှတ်ထားပြီး ချိုးဖောက်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်သည်။ရန်ကုန်တိုင်းအစိုးရအနေနှင့် မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်ကို လွယ်ကူအဆင်ပြေစေရေးအတွက် ပြုပြင်ပြောင်းလည်းမှုများကို ဆက်တိုက်ပြုလုပ်လျှက်ရှိနေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*