ကိုဆွေဝင်းအမှု နောက်ထပ် ရုံးချိန်းထပ်ရွှေ့ဆိုင်း

ကိုဆွေဝင်းအမှု နောက်ထပ် ရုံးချိန်းထပ်ရွှေ့ဆိုင်း
November 27, 2017 Asian Fame

5:23 pm
ကိုဆွေဝင်းအမှု နောက်ထပ် ရုံးချိန်းထပ်ရွှေ့ဆိုင်း

Ko Swe Win1(မန္တလေး၊ နိုဝင်ဘာ ၂၇)

Myanmar Now သတင်းဌာနအယ်ဒီတာချုပ်ကိုဆွေဝင်းအပေါ် အမျိုးသားရေးလှုပ်ရှားသူဦးကျော်မျိုးရွှေက မန္တလေး မဟာအောင်မြေမြို့နယ်တရားရုံးမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့တရားစွဲဆိုထားတဲ့အမှုကို ဒီနေ့နိုဝင်ဘာ ၂၇ ရက်မနက်ပိုင်းက ၁၁ ကြိမ်မြောက်ဆက်လက်ရုံးချိန်းဆင့်ခေါ်ခဲ့တာမှာ တရားလိုဦးကျော်မျိုးရွှေရောက်လာခဲ့ပေမယ့်လည်း တရားလိုရှေ့နေဘက်ကဦးဆောင်စစ်ဆေးနေတာကြောင့် ကိုဆွေဝင်းနဲ့ကိုဆွေဝင်းရဲ့ရှေ့နေများ အဖွဲ့က ကန့်ကွက်ခဲ့တာမှာ နောက်ထပ်ရုံးချိန်းရွှေ့ဆိုင်းလိုက်ရတယ်လို့သိရပါတယ်။

“အမှုကိုစစစ်တဲ့အချိန်မှာ မြို့နယ်ဥပဒေအရာရှိကနေမှ ဦးဆောင်စစ်ဆေးခြင်းမပြုဘဲနဲ့ တရားလိုရှေ့နေဦးဇော်ဝိတ်ကစစ်ဆေးတဲ့အတွက်၊ ကိုဆွေဝင်းရဲ့ရှေ့နေတွေက ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၃ အရ ဒီအမှုမှာ ဥပဒေအရာရှိကပဲ ဦးဆောင်စစ်ဆေးဖို့လိုအပ်တယ်၊ ဒီလိုပဲဥပဒေကပြ ဌာန်းထားတယ်၊ ဒီတော့ တရားလိုရှေ့နေဦးဇော်ဝိတ်ရဲ့ဦးဆောင်စစ်ဆေးမှုကို ကျွန်တော်တို့ဘက်က စာအားဖြင့်လည်းကန့်ကွက်ပါတယ်၊ နှုတ်အားဖြင့် လည်း တင်ပြကန့်ကွက်ပါတယ်၊ အဲဒီတင်ပြကန့်ကွက်မှုအပေါ်မှာ တစ်ဘက်ကရှေ့နေဦးဇော်ဝိတ်နဲ့ ဥပဒေအရာရှိကနေမှ လာမယ့်ရုံးချိန်းမှာ လျှောက်လဲ ချက်တင်ပြပြီးတော့ ဦးဇော်ဝိတ်ကပဲဆက်လက်စစ်ဆေးခွင့်ရှိမရှိ ဥပဒေအရာရှိကပဲဆက်လက်စစ်ဆေးခွင့်ရှိမရှိ လာမယ့်ရုံးချိန်းမှာအမိန့်ချမှာပါ” လို့ ကိုဆွေဝင်းရဲ့ဥပဒေအကြံပေးဦးခင်မောင်မြင့်က ရုံးချိန်းအပြီးသတင်းထောက်တွေနဲ့တွေ့ဆုံရှင်းပြခဲ့ပါတယ်။

မန္တလေးမြို့က အမျိုးရေးဆရာတော်ဦးဝီရသူအား အွန်လိုင်းဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ဝေဖန်ရေးသားမှုနဲ့ မန္တလေးတိုင်းဒေသကြီးမဘသအဖွဲ့ဝင် အမျိုးသားရေးလှုပ်ရှားသူဦးကျော်မျိုးရွှေက တရားလိုလုပ်ပြီး ကိုဆွေဝင်းအပေါ်တရားစွဲခဲ့တဲ့အမှုဟာ ဦးကျော်မျိုးရွှေဘက်က ရုံးချိန်းတိုင်းရောက်မလာ တာကြောင့် ဒီနေ့ ၁၁ ကြိမ်မြောက်ရုံးချိန်းမှာမှ ပထမဦးဆုံးအကြိမ်နှစ်ဖက်စစ်ဆေးဖို့ဖြစ်လာတာပါ။

KoSweWin2ဒီနေ့ရုံးချိန်းမှာ တရားလိုဦးကျော်မျိုးရွှေဘက်ကို စစ်ဆေးခဲ့တာဖြစ်ပေမယ့်လည်း မြို့နယ်ဥပဒေအရာရှိကဦးဆောင်စစ်ဆေးခြင်းမဟုတ်ဘဲ တရားလိုရှေ့ နေဘက်ကစစ်ဆေးတာကြောင့် ကိုဆွေဝင်းရဲ့ရှေ့နေများအဖွဲ့က ဥပဒေကြောင်းအရ ကန့်ကွက်ခဲ့သလို ကိုဆွေဝင်းကိုယ်တိုင်ကလည်း ကန့်ကွက်ခဲ့ တယ်လို့သိရပါတယ်။

“ဒါတင်ပြချက်တစ်ခုပါ၊ နောက်တစ်ခုကတော့ ဒီအမှုမှာ တရားစွဲခံထားရတဲ့ကိုဆွေဝင်းကနေပြီးတော့ တရားလိုအကျိုးဆောင်ရှေ့နေဦးဇော်ဝိတ်ကို ဒီအမှု မှာ လိုက်ပါဆောင်ရွက်ခြင်းက ဥပဒေနဲ့ညီညွတ်မှုမရှိတဲ့အတွက် တင်ပြခြင်းဖြစ်ပါတယ်၊ ဦးဆွေဝင်းရဲ့တင်ပြချက်ထဲမှာ အဓိကအချက်ကတော့ ရှေ့နေ ဦးဇော်ဝိတ်ဟာ ဦးကျော်မျိုးရွှေဆီကနေ ဒီအမှုကို လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေကိုယ်စားလှယ်ပါဝါရယူချိန်မှာ ဦးကျော်မျိုးရွှေဟာ သာမန်လွတ်လပ်တဲ့ နိုင်ငံသားတစ်ဦးမဟုတ်ဘဲနဲ့ ချမ်းမြသာစည်တရားရုံးကနေမှ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ၀ရမ်းပြေးတစ်ယောက်ဖြစ်နေတဲ့အတွက် အဲဒီအချိန်မှာရယူထား တဲ့ ကိုယ်စားလှယ်ပါဝါဟာ ဥပဒေအရရပ်တည်လို့မရပါဘူး၊ အဲဒီလိုမရတဲ့အတွက် ဒါဟာသူ့ရဲ့ တရားခံပြေးဖြစ်နေချိန်မှာရယူထားတာဖြစ်တဲ့အတွက် ဥပ ဒေနဲ့ညီညွတ်မှုမရှိတဲ့အတွက် တရားရုံးကကန့်ကွက်ပေးဖို့ ကန့်ကွက်တင်ပြခြင်းဖြစ်ပါတယ်” လို့လည်း ဦးခင်မောင်မြင့်ကဆက်လက်ရှင်းပြပါတယ်။

နောက်ထပ်ရုံးချိန်းကို ဒီဇင်ဘာ ၄ ရက်နေ့ချိန်းဆိုထားတယ်လို့သိရပြီး အဲဒီနေ့မှာ နှစ်ဖက်လျှောက်လဲချက်တင်ပြသွားကြမှာဖြစ်တယ်လို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေးဦးခင်မောင်မြင့်ကပြောပါတယ်။

သတင်း + ဓာတ်ပုံ – စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*