ပြည်ပတင်ပို့မှု ကန်ဒေါ်လာ(၁.၅)သန်းကျော်အထိ ရှိလာခဲ့ပြီး ဈေးကွက်အလားအလာကောင်းများနှင့် မြန်မာ့အာရေဗီးယားကော်ဖီ

ပြည်ပတင်ပို့မှု ကန်ဒေါ်လာ(၁.၅)သန်းကျော်အထိ ရှိလာခဲ့ပြီး ဈေးကွက်အလားအလာကောင်းများနှင့် မြန်မာ့အာရေဗီးယားကော်ဖီ
November 24, 2017 Asian Fame

2:48 pm
ပြည်ပတင်ပို့မှု ကန်ဒေါ်လာ(၁.၅)သန်းကျော်အထိ ရှိလာခဲ့ပြီး ဈေးကွက်အလားအလာကောင်းများနှင့် မြန်မာ့အာရေဗီးယားကော်ဖီ

1ရန်ကုန် နိုဝင်ဘာ (၂၄)

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့တန်းမြင့် အာရေဗီးယားကော်ဖီ (၂၁၆)တန်ချိန်မက်ထရစ်တန်အထိပြည်ပသို့တင်ပို့ နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၁.၅)သန်းကျော် အထိရရှိခဲ့ကြောင်း WIN ROCK Internationalအဖွဲ့အစည်းမှသိသည်။

“ဈေးကွက်အလားအလာကောင်းတွေအများကြီးရနေပါတယ်။ကျမတို့ နိုင်ငံကကော်ဖီတွေကိုတန်းမြင့် အဖြစ်တင်ပို့နိုင်ဖို့ အခြေအနေကောင်းတွေလည်းရှိနေပါပြီ။အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်လည်း မြန်မာနိုင်ငံရဲ့တန်းမြင့်ကော်ဖီက နှာတဖျားသာနေတဲ့ အခြေအနေကိုရောက်နေပါပြီ”ဟု တန်ဖိုးမြှင့် ကွင်းဆက်(Value Change)ကျွမ်းကျင်ပညာရှင် ဒေါ်အေပရယ် ကဆိုသည်။

ပြည်တွင်းမှထွက်ရှိသည့် တန်းမြင့်ကော်ဖီကို (၂၀၁၅)ခုနှစ်တွင်ပြည်ပသို့စတင်တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် အမေရိကန် အပါအဝင်ဈေးကွက်သစ်နိုင်ငံပေါင်း (၁၅)နိုင်ငံအထိ တင်ပို့ရောင်းချနိုင်ခဲ့သည်။

“လွန်ခဲ့တဲ့သုံးနှစ်လောက်ကပေါ့ တန်းမြင့်ကော်ဖီအဖြစ်မထုတ်နိုင်သေးခင်းမှာတစ်တန်ကိုသိန်းသုံးဆယ်ဝန်းကျင်ဘဲဈေးနှုန်းရခဲ့ပေမယ့်တန်းမြင့်ကော်ဖီ ဖြစ်သွားချိန်မှာတော့ တစ်တန်ကို သိန်း(၁၂၀)အထိတောင်ပေါက်ဈေးရသွားပါတယ်”ဟု WIN ROCK International အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ပြည်တွင်း၌ တန်းမြင့်အာရေဗီးယား ကော်ဖီ ထုတ်လုပ်နိုင်သည့် ဒေသများအနက် လက်ရှိတွင် ရှမ်းပြည်နယ်ရှိ ကျေးရွာ(၂၂)ရွာတွင် ထုတ်လုပ်နေပြီး ကော်ဖီစိုက်ပျိုးနေသည့်ဒေသစုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းတွင် တန်းမြင့်ကော်ဖီကို စိုက်ပျိုးလျှက်ရှိနေသည်။
တန်းမြင့်ကော်ဖီတင်ပို့မှုကို နှစ်အလိုက်တိုးလာစေရန် ရည်ရွယ်ဆောင်ရွက်နေပြီး ဈေးကွက်သစ်နိုင်ငံများကိုလည်း အစိုးရနှင့်အသင်းအဖွဲ့များပူးပေါင်း၍ ချိတ်ဆက်ဆောင်ရွက်လျှက်ရှိနေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*