မြန်မာတွေသောက်နေတဲ့ ဘီယာ ၃၀ ရာခိုင်နှုန်းဟာ မှောင်ခိုတင်သွင်းထားခြင်းဖြစ်နေ

မြန်မာတွေသောက်နေတဲ့ ဘီယာ ၃၀ ရာခိုင်နှုန်းဟာ မှောင်ခိုတင်သွင်းထားခြင်းဖြစ်နေ
November 23, 2017 Asian Fame

4:38 pm
မြန်မာတွေသောက်နေတဲ့ ဘီယာ ၃၀ ရာခိုင်နှုန်းဟာ မှောင်ခိုတင်သွင်းထားခြင်းဖြစ်နေ

ssရန်ကုန် ၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ ဘီယာတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ မှောင်ခိုတင်သွင်းလာတာဖြစ်တယ်လို့ နိုင်ငံတကာဈေးကွက်သုတေသနအဖွဲ့(Euromonitor International) က စစ်တမ်းတစ်ရပ်ထုတ်ပြန်ပြီးပြောဆိုလိုက်ပါတယ်။

ဒီလို တရားမ၀င် ဘီယာမှောင်ခိုတင်သွင်းမှုကြောင့် အစိုးရဘဏ္ဍာငွေ ကန်ဒေါ်လာ ၅၂ သန်း ဆုံးရှုံးခဲ့ရတယ်လို့ ဒီသုတေသနအဖွဲ့ က စစ်တမ်းမှာဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်မှာ တရားမ၀င်မှောင်ခိုတင်သွင်းတဲ့ ဘီယာဟာ ဟက်တိုလီတာပေါင်း ၁သန်းကျော်ရှိပြီး ၊ ဒီထဲမှာ ၉၆ ရာခိုင်နှုန်းဟာ နယ်စပ်ကနေ၀င်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။

မြို့လေးမြိုကမှာရှိ စတိုးဆိုင်တွေမှာ စစ်တမ်းအတွက် လေ့လာစဉ်တွေ့ရှိရတာကတော့ တရားမ၀င်မှောင်ခိုတင်သွင်းထားတဲ့ဘီယာတွေဟာ လူသိများတဲ့ ထိုင်းနာမည်ကြီး အမှတ်တံဆိပ်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။

မှောင်ခိုဘီယာ ၈၀ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံမှဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းကတော့ တရုတ်မှဖြစ်တယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဈေးနှုန်းသက်သာမှု (ဈေးချိုသာခြင်း) ဟာ မှောင်ခိုဘီယာသောက်သုံးမှုအတွက် အဓိကကျသောတွန်းအားဖြစ်ကြောင်း ၊ ပြည်တွင်းထုတ်ဘီယာ ထက် မှောင်ခိုဘီယာဟာ ၃ ဆ ဈေးချိုသာကြောင်း Euromonitor International ကဆိုထားပါတယ်။

Euromonitor International ဟာ ၁၉၇၂ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်မှာရှိတဲ့ ထောင်နဲ့ချီတဲ့ကုန်ပစ္စည်းတွေ ၀န်ဆောင်မှုလုပ်ငန်းတွေအတွက် အချက်အလက်ဖန်တီးခြင်း သုံးသပ်ခွဲခြားစိတ်ဖြာခြင်းတွေကို ပြုလုပ်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က တရားမ၀င်မှောင်ခိုတင်သွင်းတဲ့ ဘီယာ လီတာ ၂.၃ သန်းကိုဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Ye Lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*