ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်နေတယ်လို့ ပြည်ခိုင်ဖြိုးစွပ်စွဲပြောဆို

ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်နေတယ်လို့ ပြည်ခိုင်ဖြိုးစွပ်စွဲပြောဆို
November 23, 2017 Asian Fame

5:09 pm
ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်နေတယ်လို့ ပြည်ခိုင်ဖြိုးစွပ်စွဲပြောဆို

5ရန်ကုန် ၊ နိုဝင်ဘာ ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဟာ ဘက်လိုက်နေတယ်လို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီက ဒီကနေ့ ပြောပါတယ်။ရန်ကုန်မြို့ ၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ ပြည်ခိုင်ဖြိုးပါတီဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ ဆုံမှု
မှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ကျိုင်းတုံမြို့ နယ်မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီအမတ်ဖြစ်သူ ဦးရှာမွေလရှဲန်ကို ၎င်းနဲ့ အတူယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီမှ ဒေါက်တာ ၀ဏ္ဏစိုးက အယူခံကန့် ကွက်လွှာတင်ခဲ့ရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံအဖွဲ့ က ဒေါက်တာ ၀ဏ္ဏစိုးကို အနိုင်ပေးလိုက်မှုနဲ့ ပတ်သတ်ပြီး ပြည်ခိုင်ဖြိုးပါတီက အခုလိုပြောတာပါ။

”ဘက်လိုက်တယ်လို့ ပြောချင်တာမဟုတ်ဘူး။ ယုံကြည်တာ။ ရှိကိုရှိနေတာ။ ဒီပုံစံအတိုင်းဆက်သွားနေရင်တော့ ယုံကြည်မှုမရှိဘူးလို့ ပြောချင်တယ်။ ကော်မရှင်ရဲ့လုပ်ဆောင်တဲ့အပိုင်းတွေမှာ တကယ့်ကိုသမာ သမတ်ကျကျ ၊ မှန်မှန်ကန်ကန်၊ မျှမျှတတ ပါတီတွေအားလုံးနဲ့ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ ကြည့်ရမှာပေါ့လေ။ လက်ရှိအခြေအနေထိကတော့ ကျွန်တော်တို့ ယုံကြည်မှုမရှိတာအမှန်ပဲ” လို့ ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီများ တောင်းဆိုနေတဲ့ တွေ့ ဆုံဆွေးနွေးမှုကိုလည်း အခုအချိန်ထိ လက်ခံခြင်းမရှိသေးတာကြောင့် နိုင်ငံရေးပါတီများနဲ့ ထိတွေ့ မှုမရှိဘဲ ပါတီများဘက်မှ အခက်အခဲများကို မသိဘူးဖြစ်နေတယ်လို့ ၎င်းက ဆက်လက်ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် ၁၉နေရာစလုံးကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတော့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့ နယ် နဲ့ ရှမ်းပြည်နယ် ၊ ကျိုင်းတုံမဲဆန္ဒနယ် ၂ တို့ မှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ယခုအခါမှာ ကျိုင်းတုံမြို့ နယ် မဲဆန္ဒနယ် ၂ မှ
့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရှာမွေလရှဲန်ဟာ ကိုယ်စားလှယ်အဖြစ်မှာ ဖယ်ရှားခံလိုက်ရပြီဖြစ်တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ တစ်နေရာသာ အနိုင်ရရှိတယ်လို့ ဆိုလို့ ရတော့မှာဖြစ်ပါတယ်။ဒေါက်တာဝဏ္ဏစိုးဟာ ပထမကြိမ်ကန့် ကွ
က်တုန်းက ရှုံးနိမ့်ခဲ့ပြီးတော့ အယူခံထပ်တင်တော့မှ အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*