လမ်းတံတားကြေးကောက်သည့်ကုမ္ပဏီများ စာချုပ်အတိုင်းမလိုက်နာပါက လုပ်ငန်းရုပ်သိမ်းတဲ့အထိ အရေးယူမည်

လမ်းတံတားကြေးကောက်သည့်ကုမ္ပဏီများ စာချုပ်အတိုင်းမလိုက်နာပါက လုပ်ငန်းရုပ်သိမ်းတဲ့အထိ အရေးယူမည်
November 23, 2017 Asian Fame

3:48 pm
လမ်းတံတားကြေးကောက်သည့်ကုမ္ပဏီများ စာချုပ်အတိုင်းမလိုက်နာပါက လုပ်ငန်းရုပ်သိမ်းတဲ့အထိ အရေးယူမည်
aa

ဆင်ဖြူရှင်တံတားဖြတ်သန်းခပိုမိုကောက်ခံသည်ဟုသတင်းထွက်ပေါ်သည့်ကိစ္စ ဒေသလွှတ်တော်ကိုယ်စားလှယ်များသွားစစ်ဆေးခဲ့စဉ်

နေပြည်တော် ၊ နိုဝင်ဘာလ ၂၃

လမ်းကြေး ၊ တံတားကြေးကောက်ခံတဲ့ ကုမ္ပဏီတွေအနေနဲ့ စာချုပ်ပါစည်းကမ်းချက်တွေအတိုင်း လိုက်နာမှုမရှိရင် လုပ်ငန်းရုပ်သိမ်းတဲ့အထိအရေးယူသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးကျော်လင်း ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သံဖြူဇရပ် မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း မေးမြန်းတဲ့ ” လမ်းတံတားကြေး ကောက်ယူခွင့်ရ ကုမ္ပဏီအဖွဲ့အစည်းများ၏ စာချုပ်ပါ စည်းကမ်းနှင့်အညီ ဆောင်ရွက်မှု ရှိ၊ မရှိ၊ စည်းကမ်းနှင့်မညီ လုပ်ဆောင်မှုကို မည်သို့ အရေးယူ ဆောင်ရွက်ပြီး ကြီးကြပ်ကွပ်ကဲရန် တာဝန်ပျက်ကွက်သော တာဝန်ရှိ ဝန်ထမ်းအဖွဲ့ကို မည်သို့အရေးယူရန် စီစဉ်ဆောင်ရွက် လျက်ရှိ” မေးခွန်းကိုပြန်လည်ဖြေကြားရာမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

လမ်းတံတားအသုံးပြုခ ကောက်ခံခွင့်ပြုထားတဲ့ B.O.T ကုမ္ပဏီအနေနဲ့ ပဋိညာဉ်စာချုပ် စံချိန်စံညွှန်းတွေအတိုင်း ပြည့်မီအောင် ဆောင်ရွက်သွားဖို့ ၀န်ကြီးဌာနအနေနဲ့ အနီးကပ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ၊ စာချုပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရင် သတိပေးခြင်း (၃)ကြိမ် ပြုလုပ်ကာ ထပ်မံလိုက်နာမှုမရှိဘူးဆိုရင် လုပ်ငန်းရပ်ဆိုင်းခြင်း ၊ လုပ်ငန်းရုတ်သိမ်းခြင်းအထိအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒုဝန်ကြီးက ထပ်လောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် စာချုပ်တွေကိုလိုက်နာဖို့ B.O.T ကုမ္ပဏီများထံ ကြပ်မတ်ညွှန်ကြားနေတယ်လို့လည်း သူကပြောပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*