ဘုရားဆင်းတုတော်နှင့် နတ်ရုပ်ထု လိုက်ခိုးနေတဲ့သူတွေ မိပြီ

ဘုရားဆင်းတုတော်နှင့် နတ်ရုပ်ထု လိုက်ခိုးနေတဲ့သူတွေ မိပြီ
November 23, 2017 Asian Fame

11:53 am
ဘုရားဆင်းတုတော်နှင့် နတ်ရုပ်ထု လိုက်ခိုးနေတဲ့သူတွေ မိပြီ

thief
ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများမှ ဘုရားဆင်းတုတော်များနှင့် နတ်နန်း များမှ နတ်ရုပ်ထုများကို လှည့်လည် ခိုးယူနေသူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း သတင်းစုံစမ်းစဉ် လှိုင်သာယာမြို့နယ်၊(၁)ရပ်ကွက်နေ မသန္တာ(ခ)သန္တာကြည်(၃၉)နှစ်၊ လှိုင်သာယာမြို့နယ်၊ (၁/၁၁) ရပ်ကွက် နေ ဖြိုးမြင့်ဝင်းဆု(ခ) ကိုဖြိုး(၂၀)နှစ် နှင့် လှိုင်သာယာမြို့နယ်၊ (၁/၁၂) ရပ်ကွက်နေ ရဲမင်း(ခ) မှန်ကြီး(၃၀) နှစ်တို့ (၃)ဦးသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများမှ ဘုရားဆင်းတု တော်များနှင့် နတ်နန်းများမှ နတ်ရုပ်ထုများကို ခိုးယူခဲ့ကြောင်း သိရသည်။

ခိုးမှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၀ ရက် နေ့လည် ၁ နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ သံလွင်လမ်းရှိ၊ ဓာတ်ပေါင်းစုစေတီအနီးတွင် မသန္တာ(ခ)သန္တာကြည်၊ ဖြိုးမြင့်ဝင်းဆု(ခ) ကိုဖြိုးနှင့် ရဲမင်း(ခ)မှန်ကြီးတို့(၃)ဦးအား ဖမ်းဆီး ရမိခဲ့သည်။

၎င်းတို့အားစစ်ဆေးရာ အောက်တိုဘာလအတွင်းက မင်္ဂလာဒုံမြို့နယ်၊ကျိုက်က္ကလို့စေတီဝင်းအတွင်းမှ ဓမ္မစင်္ကြာဘုရား(၁)ဆူ၊ မှန်စီရွှေချမကိုဋ်ဘုရား(၁)ဆူ၊ ရွှေချထားသည့်ပလ္လင်(၁)ခုတို့အားလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ပုပ္ပါးကျောင်းအတွင်းမှ မှန်စီရွှေချဒေါင်းရုပ်ပါ ပလ္လင်နောက်မှီ(၁)ခု၊ မှန်စီရွှေချ ဒေါင်းရုပ်(၂)ရုပ်၊ မှန်စီရွှေချ နဂါးရုပ်(၂)ရုပ်တို့အားလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ (ဃ)ဈေး၊ နွယ်နီလမ်းရှိ ရန်အောင်ဓါတ်ကြိမ်ဘုရားဝင်းအတွင်းမှ ကြေးမောင်း(၁)ခုအား လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဘူတာအနီးရှိ ဘုရားဝင်းအတွင်းမှ ရုပ်ပွားတော်(၂)ဆူအားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပစေတီဝင်းအတွင်းမှ သမ္ဗုဒ္ဓေရုပ်ပွားတော်(၁)ဆူတို့အားလည်းကောင်း ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

အလားတူ နိုဝင်ဘာလအတွင်းကလည်း မှော်ဘီမြို့နယ်၊ (၂)ရပ်ကွက်၊ သီတာရုံဘုန်းကြီးကျောင်း၊ ဘိုးဘိုးကြီး နတ်နန်းအတွင်းမှ အိမ်တွင်းနတ်ရုပ်ထု(၁)ခု၊ ကိုကြီးကျော်မြင်းစီရုပ်ထု(၁)ခု၊ နံကရိုင်းမယ်တော်ရုပ်ထု(၁)ခု၊ ပုပ္ပါးမယ်တော်ရုပ်ထု(၁)ခု၊ တောင်ပြုံးမင်းကြီး/မင်းငယ်ရုပ်ထု(၂)ခု၊ မြင်းဖြူရှင်ရုပ်ထု(၂)ခု၊ မနှဲလေးရုပ်ထု(၂)ခု၊ ရှမ်းမောင်နှမရုပ်ထု(၂)ခုအားလည်းကောင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ၊လှော်ကားလမ်း၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားဝင်းအတွင်းမှ ဆင်(၃)ကောင်ပါ ဆင်ခံဘုရား(၁)ဆူ၊ ဆင်(၄)ကောင်ပါ ဆင်ခံဘုရား(၁)ဆူ၊ ရှင်ဥပဂုတ္တရုပ်ထု(၁)ခုတို့အားလည်းကောင်း၊ တွံတွေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်စု၊နတ်စင်စုကျေးရွာ၊ နတ်စင်ရောင်စေတီတော်မှ အမေရေယာဉ်ရုပ်ထု(၁)ခု၊ ကိုအောင်နိုင်ရုပ်ထု(၁)ခု၊ မင်းကြီး/မင်းငယ် ရုပ်ထု(၁)ခု၊ မှန်စီမကိုဋ်
ဘုရား(၁)ဆူ၊ ရှင်ဥပဂုတ္တရုပ်ထု(၁)ခု၊ ရွှေချထားသည့် ဆင်းတုတော်(၃)ဆူ၊ သိကြားမင်းရုပ်ထု(၁)ခု၊ ရှင်သီဝလိရုပ်ထု(၂)ခု၊ သူရဿတီမယ်တော်ရုပ်ထု(၁)ခု၊ ပုပ္ပါးမယ်တော်ရုပ်ထု(၁)ခုတို့အားလည်းကောင်း၊ အင်းစိန်မြို့နယ်၊ မြို့သစ် (က/ခ)ရပ်ကွက်ရှိ ဖောင်တော်ဦးဘုရားဝင်းအတွင်းမှ ဆင်(၄)ကောင်ပါ ရွှေချထား သော ဆင်ခံဘုရား(၁) ဆူအားလည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ ညောင်ရွာရပ်တော်မူ ဘုရားဝင်းအတွင်းမှ ကြေးဆင်းတုတော် (၁)ဆူ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း
ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းမှ ကြေးဆင်း တုတော်(၁)ဆူ တို့အားလည်းကောင်း၊ လှည်းကူးမြို့နယ်၊ ဒါးပိန်အထက်ရှမ်းတဲကြီးကျေးရွာ အမှတ်(၂)လမ်း ဘေး သီလရှင်ကျောင်းဝင်းအတွင်းရှိ ကလေးနတ်နန်းအတွင်းမှ ကြေးမောင်း(၁)ခုအားလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ မြို့ဦးစေတီနှင့် ဆောက်လုပ်ရေး မှတ်တိုင်အနီးရှိ ဘုရားဝင်းအတွင်းမှ ၀ိသာခါရုပ်ထု(၁)ခု၊ ကျောက်ဆင်း တုတော်ဘုရား(၁)ဆူ၊ သစ်သား ဆင်းတုတော်ဘုရား(၃)ဆူ၊ ဦးတီပွားသစ်သားရုပ်ထု(၁)ခုတို့ အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေသာ လျောင်းဘုရားဝင်းအတွင်းမှကြေးမောင်း(၁)ခု၊ ရွှေချထား သော သစ်သားဆင်း တုတော်(၁)ဆူတို့အားလည်းကောင်း ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ မသန္တာ(ခ)သန္တာကြည်၊ ဖြိုးမြင့်ဝင်းဆု(ခ)ကိုဖြိုးနှင့် ရဲမင်း(ခ)မှန်ကြီးတို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုများအသီးသီးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး အမှုများမှသက်သေခံပစ္စည်း များအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်းနှင့် ခိုးယူခံရသည့် ဘုရားဆင်းတုတော်နှင့် နတ်ရုပ်ထုများ၏ ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် လာရောက်စုံစမ်းဆောင်ရွက်နိုင်ပါကြောင်းသိရသည်။

PN
Source – ရန်ကုန်တိုင်း ရဲတပ်ဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*