JMC-U ရဲ့ ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးပြီးဆုံး

JMC-U ရဲ့ ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးပြီးဆုံး
November 22, 2017 Asian Fame

6:00 pm
JMC-U ရဲ့ ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးပြီးဆုံး

1ရန်ကုန်၊ နိုဝင်ဘာ ၂၂

ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ရဲ့ ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ဒီကနေ့ ကျင်းပပြီးစီးသွားပြီဖြစ်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ကနေ ဒီကနေ့ ထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ဒီအစည်းအဝေးမှာ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(လင်းခေး) မှာ အဖွဲ့ဝင် ၂ ဦးတိုးချဲ့ဖွဲ့စည်းဖို့ JMC နဲ့ပြည်သူလူထုတွေ့ဆုံပွဲတွေကို JMC-S ရုံးစိုက်ရာမြို့တွေနဲ့ အခြားမြို့တွေမှာ JMC-S ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အတိုင်းကျင်းပဖို့ ၊ JMC-U အရပ်သားကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ စိစစ်အတည်ပြုရေးဆိုင်ရာစွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲတွေကို ၆ လမှာတစ်ကြိမ်ပြုလုပ်သွားဖို့ စတဲ့အချက်တွေကို သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့အပြင် JMC-U ရဲ့ အလှည့်ကျဒုတိယဥက္ကဌ (၂) အဖြစ် ဦးပြည့်စုံ ကို ဒီဇင်ဘာ ၁ ရက်နေ့ကနေစပြီး မေ ၃၀ ရက်နေ့အထိတာဝန်ထမ်းဆောင်စေဖို့ ၊ မိသားစုကျန်းမာရေးကြောင့်နှုတ်ထွက်ခွင့်တောင်းခံထားတဲ့ JMC-U အရပ်သားကိုယ်စားလှယ် သူရဦးတင်လှ အစား သူရဦးဘိုနီ ကို ပြောင်းလဲ တာဝန်ပေးအပ်ဖို့ တွေကိုလည်း သဘောတူဆုံဖြတ်ခဲ့ကြပါတယ်။

6

5

4

3

2

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*