အစိုးရဆန့်ကျင်ရေး သပိတ်စခန်း ဦးဆောင်သူတွေလို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲ ခံထားရသူတွေကို ရုံးထုတ်

အစိုးရဆန့်ကျင်ရေး သပိတ်စခန်း ဦးဆောင်သူတွေလို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲ ခံထားရသူတွေကို ရုံးထုတ်
November 22, 2017 Asian Fame

3:01 pm
အစိုးရဆန့်ကျင်ရေး သပိတ်စခန်း ဦးဆောင်သူတွေလို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲ ခံထားရသူတွေကို ရုံးထုတ်

mdy1(မန္တလေး ၊နိုဝင်ဘာ၂၂)

အစိုးရဆန့်ကျင်းရေးသပိတ်စခန်း ဦးဆောင်သူတွေလို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲခံထားရသူတွေကို ဒီနေ့(နိုဝင်ဘာ ၂၂ ရက်)မနက်ပိုင်းက မန္တလေး ချမ်းမြသာစည် မြို့နယ်တရားရုံးမှာ ၁၂ ကြိမ်မြောက်ရုံးထုတ်ခဲ့ပါတယ်။

“အစိုးရဘက်က ဥပဒေအရာရှိက စွဲချက်တင်သင့်တယ်လို့ပြောသလို ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ရထားတဲ့အချက်အလက်တွေအရ စွဲချက် မတင်ထိုက်ဘူးလို့ပြောတာပေါ့နော်၊ ဒီမှာပြဿနာ ရှိနေတာက ဖမ်းဆီးတဲ့အခါမှာ ဖမ်းဝရမ်းပါလား မပါလား ဆိုတဲ့ပြဿနာပါ၊ ဒါတွေကို ကျွန်တော်တို့က တင်ပြပြီးတော့မှ စွဲချက်မတင်ထိုက်ဘူးလို့လျှောက်လဲခဲ့တာပါ” လို့ ဒီနေ့ရုံးထုတ် စစ်ဆေးမှုနဲ့ပတ်သက်ပြီး သံဃာတော်တွေရဲ့အကျိုးဆောင် အထက်တန်းရှေ့နေဦးအောင်ရဲစိုးကပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားစွဲခံသံဃာ ၆ ပါးအပေါ် တရားလိုဘက်ကလျှောက်ထားတင်ပြထားတာတွေနဲ့ပတ်သက်ပြီး စွဲချက်တင်သင့်မတင်သင့် နှစ်ဖက် လျှောက်လဲခဲ့ကြတာဖြစ်ပြီး သံဃာတော်တွေရဲ့အကျိုးဆောင်ရှေ့ရှေ့နေနှစ်ဦးစလုံးကတော့ စွဲချက်မတင်သင့်ဘူးလို့ လျှောက်လဲခဲ့ကြပါတယ်။

mdy2မန္တလေးမြို့က အစိုးရဆန့်ကျင်ရေးသပိတ်စခန်းအား တာဝန်ရှိသူတွေဘက်က ဖြိုခွင်းခဲ့တာမှာ မျက်နှာဖုံး(mask)ပါအရပ်ဝတ်တွေနဲ့အင်အား ၁၅၀ ခန့်ကဖြိုခွင်းခဲ့တဲ့အပေါ်လည်း တရားစွဲခံရသူတွေရဲ့ရှေ့နေနှစ်ဦးစလုံးက ဒါဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့အတွက် သံသယဖြစ်စရာမျိုးဖြစ်စေခဲ့ပါတယ်လို့ ဝေဖန်သုံးသပ်ကြပါတယ်။

“ခိုးကြောင်ခိုးဝှက် အရပ်ဝတ်တွေနဲ့ ညအချိန်မတော်ကြီးမှာ ဖမ်းတာဆီးတာဟာ တော်တော်ကြီးရုပ်ပျက်ပါတယ်၊ အမှန်တကယ်ရဲတပ်ဖွဲ့ဝင်တွေဟုတ်ပါ ရဲ့လားလို့သံသယဖြစ်စရာပါ၊ အမျိုးသမီးဖမ်းစရာမပါဘဲနဲ့ အမျိုးသမီးရဲပါလာတယ်၊ စဉ်းစားစရာတွေဖြစ်ခဲ့ပါတယ်” လို့ တရားစွဲခံတွေဘက်က နောက်ထပ်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးဝင်းကြည်က ရုံးတော်မှာထွက်ဆိုခဲ့ပါတယ်။

နောက်ထပ်ရုံးချိန်းကို နိုဝင်ဘာ ၂၉ ရက်ချိန်းဆိုထားပြီး အဲဒီနေ့မှာ စွဲချက်တင်သင့်မတင်သင့် တရားရုံးကဆုံးဖြတ်သွားမှာဖြစ်တယ်လို့ တရားရုံးပြန်ကြားရေးအရာရှိဦးကျော်စွာလင်းကပြောပါတယ်။

အစိုးရဆန့်ကျင်ရေးသပိတ်စခန်းဖြိုခွင်းခံရပြီးနောက်ဆက်တွဲအဖြစ် ဦးဆောင်သူတွေလို့စွပ်စွဲခံရသူသံဃာ ၆ ပါး နဲ့ လူပုဂ္ဂိုလ်တစ်ဦးတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ မန္တလေးခရိုင်သာသနာရေးဦးစီးမှူးနဲ့ ချမ်းမြသာစည်မြို့နယ်အုပ်ချုပ်ရေးမှူးတို့က တရားစွဲထားတာပါ။

သတင်း+ဓါတ်ပုံစောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*