ထိုင်းမှာ မိုဘိုင်းစနစ်နဲ့ CI ထုတ်ပေးနေပေမယ့် CI လာထုတ်သူ မြန်မာလုပ်သားတွေ နည်းပါးနေသေး

ထိုင်းမှာ မိုဘိုင်းစနစ်နဲ့ CI ထုတ်ပေးနေပေမယ့် CI လာထုတ်သူ မြန်မာလုပ်သားတွေ နည်းပါးနေသေး
November 21, 2017 Asian Fame

2:23 pm
ထိုင်းမှာ မိုဘိုင်းစနစ်နဲ့ CI ထုတ်ပေးနေပေမယ့် CI လာထုတ်သူ မြန်မာလုပ်သားတွေ နည်းပါးနေသေး

(ရန်ကုန်၊ နိုဝင်ဘာ ၂၁)

ထိုင်းနိုင်ငံမှာ မိုဘိုင်းရွှေ့လျားယာဉ် ၂ စီးနဲ့ မြန်မာလုပ်သားတွေကို CI စာအုပ်ထုတ်ပေးနေပေမယ့် လာရောက်ထုတ်သူမြန်မာလုပ်သားတွေနည်းပါးနေသေးတယ် လို့သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး ထိုင်းနိုင်ငံ ပထုံဌာနီနဲ့ နောက်တစ်နေရာမှာ ဒီအစီအစဉ်ကိုစတင်ဆောင်ရွက်ခဲ့ပြီး စစချင်းလေးရက်မှာ တစ်ရက်ကို မြန်မာလုပ်သား ၅၀ လောက်ပဲCI(မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်) စာထုတ်ကြောင်း နောက် ၅ ရက်မြောက်နေ့မှာတော့ မြန်မာလုပ်သား ၁၆၉ ယောက်လာထုတ်ကြောင်း အလုပ်သမားသမားနဲ့လ၀က၀န်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ထိုင်းသတင်းမီဒီယာတစ်ခုနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

မိုဘိုင်းရွှေ့လျားယာဉ်တစ်စီးဟာတစ်ရက်မှာ တစ်ရက်မှာ အလုပ်ချိန် ၈ နာရီအတွင်း အလုပ်သမားသမား အနည်းဆုံး ၅၀၀ ကို စာအုပ်ထုတ်ပေးနိုင်တဲ့အတွက် မြန်မာအလုပ်သမားတွေအနေနဲ့ CI စာအုပ်လာထုတ်စေချင်တယ်လို့ ညွှ့န်ကြားရေးမှူးချုပ်က ထပ်လောင်းဆိုပါတယ်။

ထိုင်းနိုင်ငံထဲက အလုပ်သမားများတဲ့စက်ရုံတွေ ၊ အလုပ်သမားတွေ မလာနိုင်တဲ့စက်ရုံတွေ မှာ သွားရောက်ပြီး CI စာအုပ်ထုတ်ပေးနိုင်ဖို့အတွက် အဆိုပါ မိုဘိုင်းရွှေ့လျားယာဉ်စနစ်ကို စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိထိုင်းနိုင်ငံမှာ စခန်း ၉၀ ခုအထိုင်ဖွင့်ထားပြီး အသစ်ထပ်လုပ်တဲ့ မိုဘိုင်းရွှေ့လျားယာဉ် ၂ စီးနဲ့ မြန်မာလုပ်သားတွေကို CI စာအုပ်ထုတ်ပေးနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဒီကနေ့ထိ အထောက်အထားမဲ့မြန်မာအလုပ်သမား ၊ ယာယီဘတ်ကဒ်ကိုင်မြန်မာအလုပ်သမား အားလုံးစုစုပေါင်း ၅သိန်း ၂သောင်းကျော်လောက်ကျန်သေးတယ်လို့ ဦးဝင်းရှိန်က ထိုင်းသတင်းမီဒီယာမှာပြောကြားထားပါတယ်။

ထိုင်းနိုင်ငံကိုရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေအတွက် ဥပဒေသစ်တစ်ရပ်ရေးဆွဲပြဌာန်းပြီး နောက်ပိုင်းမှာ ထိုင်းနိုင်ငံမှာရှိတဲ့အထောက်အထားမဲ့မြန်မာလုပ်သားတွေ နေရပ်ကိုပြန်လာကြပြီး တစ်ချို့အလုပ်သမားတွေ့တော့ အထောက်အထားတွေ လုပ်နေကြတာဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*