အမြန် လမ်းမကြီးပေါ်တွင် (၁၁)လအတွင်း ယာဉ်မတော်တဆကြောင့် လူတစ်ရာကျော်သေဆုံး

အမြန် လမ်းမကြီးပေါ်တွင် (၁၁)လအတွင်း ယာဉ်မတော်တဆကြောင့် လူတစ်ရာကျော်သေဆုံး
November 21, 2017 Asian Fame

2:30 pm
အမြန် လမ်းမကြီးပေါ်တွင် (၁၁)လအတွင်း ယာဉ်မတော်တဆကြောင့် လူတစ်ရာကျော်သေဆုံး

carနေပြည်တော် ၊နိုဝင်ဘာ (၂၁)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယခုနှစ် ဇန်နဝါရီလ မှနိုဝင်ဘာလ(၁၉) ရက်နေ့အထိ ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် လူ(၁၀၇)ဦးအထိ သေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံးကပြောသည်။

“နှစ်စကနေ ဒီလ(၁၉)ရက်နေ့ အထိ ယာဉ် မတော်တဆမှုကြောင့်လူ(၁၀၇)ယောက်သေဆုံးခဲ့ပါတယ် ။အဓိကက အရှိန်ပြင်းမောင်းနှင်နေတာတွေကြောင့်ပါ”ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအုပ်သန့်ဇော်လင်းကဆိုသည်။

ယခုနှစ် အတွင်းဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု များတွင် ယာဉ်ကိုသတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင့်ခြင်းနှင့် အမြန်လမ်းမကြီးပေါ်တွင်ဆိုင်ကယ် မောင်းနှင်ခြင်းတို့ကြောင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ မှနိုဝင်ဘာလ(၁၉)ရက်နေ့အထိ ယာဉ်မနော်တဆမှု စုစုပေါင်း (၄၉၆)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၁၀၇)ဦးနှင့် ဒဏ်ရာရှိသူ (၇၉၀)ဦး အထိရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ အချက်အလက်များ အရ သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အဝေးပြေးလမ်းမကြီးများတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ နေ့စဉ် ယာဉ်အစီးရေ နှစ်သောင်းကျော် အထိ ဖြတ်သန်းနေသည့် လမ်းမကြီးဖြစ်ပြီး တစ်ရက်လျှင် ပျှမ်းမျှ အားဖြင့်ယာဉ်မတော်တဆမှု (၂)ခု ခန့်ဖြစ်ပွားနေသည်။

ထို့ကြောင့် ဖြတ်သန်းနေသည့် ယာဉ်အစီးရေနှင့် ယာဉ်မတော်တဆမှု ကိုနှိုင်းယှဉ်ကြည့်ပါက ယာဉ်အစီးရေ တစ်သောင်းလျှင် မတော်တဆမှုတစ်ကြိမ် ခန့်ဖြစ်ပွားနေကြောင်းတွေ့ရှိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*