မူးယစ်ဆေးဝါးပြဿနာကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထံတင်ပြလိုသည်ဟု ရဲတိုက်ပြော

မူးယစ်ဆေးဝါးပြဿနာကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထံတင်ပြလိုသည်ဟု ရဲတိုက်ပြော
November 17, 2017 Asian Fame

8:31 pm
မူးယစ်ဆေးဝါးပြဿနာကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထံတင်ပြလိုသည်ဟု ရဲတိုက်ပြော

 

23592049_1469237566458233_5643717319199106636_oရန်ကုန် ၊ နိုဝင်ဘာ ၁၇

မူးယစ်ဆေးဝါးပြဿနာကို ဟောင်းနွမ်းနေတဲ့ဥပဒေတွေနဲ့ ကိုင်တွယ်ဖြေရှင်းနေမှုနဲ့ ပတ်သတ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြချင်တယ်လို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ သရုပ်ဆောင်ရဲတိုက်ကပြောပါတယ်။ ဒီကနေ့ 
လွတ်မြောက်လာတဲ့ ရဲတိုက်ဟာ ညနေပိုင်းမှာ ပုဇွန်တောင်မြို့ နယ်မှာ မီဒီယာများနဲ့ တွေ့ ဆုံခဲ့စဉ်က အခုလိုပြောတာဖြစ်ပါတယ်။

”ဖြစ်နိုင်ရင် မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေကို ထောင်ထဲကိုမထည့်စေချင်ဘူး။ ဘာလို့ လဲဆိုတော့ အမှန်အတိုင်းပြောရရင် ထောင်ထဲရောက်သွားရင် လူငယ်တွေဟာ ပိုဆိုးသွားဖို့ ပဲရှိတယ် ။ သူတို့ ကို ဆေးဖြတ်တဲ့စခန်းကိုပဲ ပို့ စေချင်တယ် သူတို့ ဆန္ဒနဲ့ ပေါ့လေ ။ ဆေးဖြတ်တဲ့စခန်းရှိစေချင်တယ်။ လုပ်ပေးမယ်ဆိုရင် ကျပြီးသားလူငယ်တွေအတွက်ပါ ထည့်ပြီးစဉ်းစားစေချင်တယ် ဘာလို့ လဲဆိုတော့ မကြာသေးဘူး ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာအများကြီးကျထားကြတာလေ နောက်ကြောင်းပြန် မဆောင်ရွက်ပေးဘူးဆိုရင်နစ်နာ
သွားမယ့် ရာချီပြီးရှိတော့ ။အမေလည်းအမြဲပြောပါတယ် လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့အနာဂါတ်။ တိုင်းပြည်ရဲ့အနာဂါတ်အတွက် အမေအားရင်လုပ်ပေးပါလို့ … ပူဆာမယ်လေ ” လို့ သူကပြောပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးပြသနာဟာ ဒီရာစုနှစ်မှာ ရင်ဆိုင်ရမယ့်ပြသနာဖြစ်ပြီး ဟောင်းနေတဲ့ဥပဒေတွေနဲ့ ကိုင်တွယ်ဖြေရှင်းတဲ့အခါ လူငယ်တွအရမ်းနစ်နာရကြောင်း၊ လက်ဝယ်တွေ့ ရှိမှု ၊ သုံးစွဲမှု စသည်တို့ ကို အကန့် အသတ်အပိုင်းအခြား ကွဲပြားစေချင်ကြောင်းနဲ့ အရ
မ်းလွယ်နေပြီး လူတိုင်းလုပ်နေတာပဲဆိုကာ လိုက်လုပ်ကြတာကြောင့် လူငယ်တွေမူးယစ်ဆေးဝါးကြောက်တဲ့စိတ်မရှိတော့သည်ကိုထောင်ထဲမှာ တွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။

AF-245
ဓါတ်ပုံ- ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*