တနိုင်းလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပြီး မော်တော်ယာဉ်များဆက်ကြေးကောက်ခံနေရ

တနိုင်းလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပြီး မော်တော်ယာဉ်များဆက်ကြေးကောက်ခံနေရ
November 17, 2017 Asian Fame

4:01 pm
တနိုင်းလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပြီး မော်တော်ယာဉ်များဆက်ကြေးကောက်ခံနေရ
KIAက မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံသည့် တစ်နှစ်စာ ချလန်ဖြတ်ပိုင်း

KIAက မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံသည့် တစ်နှစ်စာ ချလန်ဖြတ်ပိုင်း

TN3(တနိုင်း ၊ နိုဝင်ဘာ ၁၇)

မနေ့က မြစ်ကြီးနား – တနိုင်းလမ်းပိုင်း ကောင်ရာကျေးရွာနားမှာ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီး ဒွန်ဘန်-လ၀ါး ကြားမှာ KIA က ဆက်ကြေးကောက်ခဲ့တယ် လို့ ဒေသခံတွေနဲ့ အဆိုပါ လမ်းပိုင်းမှာ မော်တော်ကားပြေးဆွဲနေတဲ့ သူတွေထံကနေသိရပါတယ်။

ယခင်ဆက်ကြေးကောက်ခံထားရတဲ့ မော်တော်ယာဉ်တွေကတော့ လက်မှတ်ပြတဲ့အတွက် ပိုက်ဆံ ၂၀၀၀၀ ခန့်လောက်ပဲ ပေးရပြီး လက်မှတ်မရှိတဲ့ယာဉ်တွေကတော့ ဒီ့ထက်ပိုပြီးပေးရတယ်လို့ ဆက်ကြေးကောက်ခံခဲ့ရတဲ့ ကားရဲ့ ယာဉ်မောင်းဖြစ်သူက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

TN1

“ကျွန်တော့ ဂိတ်က ကားတစ်စီးပါသွားတယ်။ လက်မှတ်ရှိတော့ အခွန်အနေနဲ့မဟုတ်ဘဲ ထမင်းဖိုး လ္ဘက်ရည်ဖိုး ဆိုပြီး ၂၀၀၀၀ ပဲပေးလိုက်ရတယ်” လို့ မိုးကောင်းမြို့နယ်နဲ့တနိုင်းကိုပြေးဆွဲနေတဲ့မော်တော်ယာဉ်လိုင်းတစ်ခုရဲ့ ပိုင်ရှင်ကပြောပါတယ်။

လွန်ခဲ့သည့် ၅ ရက်ခန့်ကတည်းက လမ်းပေါ်ထွက်ပြီး ကြိုကြား ကြိုကြားကောက်နေတာဖြစ်တယ်လို့ သူကထပ်လောင်းဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၆ ရက်နေ့က ညနေပိုင်းကလည်း တနိုင်းလမ်းပေါ်မှာရှိတဲ့ ရှဒူးဇွပ်ရွာ အကျော် ကောင်ရာကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားတယ်လို့ တနိုင်းမြို့နယ် အုပ်ချု့ပ်ရေးအဖွဲ့က အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

“မနေ့ညနေကဖြစ်တယ် ။ ပြီးတော့ ဒီနေ့ ၁၁ ခွဲ လောက်က ကောင်ရာအ၀င်နားမှာ ဖြစ်တယ်။ ဒေသခံတွေပြောတာတော့ အဲ့ဒီနေရာနားမှာ စပါးမှည့်နေတာရှိတယ် ဒါပေမဲ့သွားပြီး စပါးရိတ်လို့မရဘူးပြောတယ်။ ၀င်ခွင့်ပိတ်ထားကြတယ်တဲ့ ” လို့ ၎င်းက ဆိုပါတယ်။

တနိုင်းနဲ့ ရှင်ဗွေယန်လမ်းပိုင်းမှာတော့ ခါတိုင်းလိုပဲ အေးအေးဆေးဆေးရှိနေတယ်လို့ တနိုင်း-ရှင်ဗွေယန်လမ်းပိုင်းက ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနား-တနိုင်းလမ်းပိုင်းက (မိုးကောင်းနဲ့တနိုင်းကြား) မှာ KIA ကဆက်ကြေးကောက်ခံတာ ၊ တပ်မတော်နဲ့KIA ကြားတိုက်ပွဲဖြစ်တာတွေဟာ မကြာခနဖြစ်နေတဲ့ကိစ္စတွေဖြစ်ပါတယ်။

ရဲလွင်

ပုံစာ- KIAက မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံသည့် တစ်နှစ်စာ ချလန်ဖြတ်ပိုင်း နှင့် လ၀ါး-တနိုင်းကြား လမ်းပိုင်းနေရာအချို့

TN2

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*