NLDပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရဲ့ ဥက္ကဌအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခန့် အပ်လိုက်

NLDပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရဲ့ ဥက္ကဌအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခန့် အပ်လိုက်
November 16, 2017 Asian Fame

2:58 pm
NLDပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရဲ့ ဥက္ကဌအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခန့် အပ်လိုက်

nyan winရန်ကုန် ၊ နိုဝင်ဘာ ၁၅

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရဲ့ ဥက္ကဌအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခန့် အပ်လိုက်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ယခုအဖွဲ့ကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် က ဥပဒေအမှတ်(၁၀) အရ (၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့ က ပြဌာန်းခဲ့တဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေ) ဒီအဖွဲ့ ကို ဖွဲ့ စည်းလိုက်တာဖြစ်ပါတယ်။

ယခုအဖွဲ့ အစည်းရဲ့သက်တမ်းဟာ စတင်ဖွဲ့ စည်းတဲ့နေ့ ကစပြီး ငါးနှစ်အထိဖြစ်ပြီး၊နိုင်ငံတော်ဆင့်ဖွဲ့ စည်းထားတဲ့အချို့ သော အဖွဲ့ အစည်းများလို နိုင်ငံတော်သမ္မတသက်တမ်းနဲ့ အတူတူပင်ဖြစ်သည်လို့ ဥပဒေမှာဖော်ပြထားခြင်းမရှိတာကြောင့် နောက်အစိုးရသက်တမ်း အထိရှိနေမှာဖြစ်ပါတယ်။

အခုဖွဲ့ စည်းလိုက်တဲ့အဖွဲ့ ဟာ ဥပဒေဆိုင်ရာအထောက်အကူပေးရေးလုပ်ငန်းတွေအတွက် မူဝါဒချမှတ်ခြင်း၊ ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိတဲ့ အမှုများကိုသတ်မှတ်ခြင်း၊ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများကို ဆင်းရဲနွမ်းပါးသူအဖြစ် မှတ်ယူရမည့်အချက်များသတ်မှတ်ခြင်း စသည်ဖြင့် လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေမှာဖော်ပြထားပါတယ်။

ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေပုဒ်မ ၅ မှာ ပြည်ထောင်စုတရားသူကြီးချုပ်သည် ပြည်ထောင်စု ဥပဒေဆိုင်ရာအထေ
ာက်အကူပေးရေးအဖွဲ့ ကို ပြည်ထောင်စုအစိုးရနှင့်တိုင်ပင်ညှိနှိုင်း၍ ဖွဲ့ စည်းရမည်လို့ ပါရှိပြီး ဥက္ကဌ နေရာမှာ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသောဥပဒေပညာရှင်တစ်ဦးကိုခန့် အပ်ရမည်လို့ ပါရှိပါတယ်။

ယင်းနေရာကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဦးဥာဏ်ဝင်းကို တာဝန်ပေးခန့် အပ်လိုက်တာဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်ဖွဲ့ စည်းလိုက်တဲ့ အဖွဲ့ အစည်းတစ်ခုမှာ ဥက္ကဌအဖြစ်တာဝန်ယူရတဲ့သူဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်နေတာနဲ့ ပတ်သတ်ပြီးတော့ ဦးဥာဏ်ဝင်းက အခုလိုတာဝန်ယူလို့ ရတယ်လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။’

‘ ကန့် သတ်ထားတာမရှိပါဘူး ။ပါတီတစ်ခုခုက မို့ လို့ ဆိုပြီးတော့ ။ ဒီမှာ တာဝန်ယူလဲ ပါတီရဲ့လုပ်ငန်းတွေကိုဆောင်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ကို ဦးဥာဏ်ဝင်းအပါအ၀င် အဖွဲ့ ဝင် ( ၁၃) ဦးနဲ့ ဖွဲ့ စည်းလိုက်တာဖြစ်ပြီးတော့ ညွှန်ကြားရေးမှူးများနဲ့ တရားလွှတ်တော်ရှေ့ နေများ အများစုပါဝင်ကြတာကိုတွေ့ ရပါတယ်။

” အသေးစိတ်ပြောလို့ မရသေးပါဘူး အခုမှ စဖွဲ့ တာဆိုတော့ ။ လုပ်ထုံးလုပ်နည်းတွေနဲ့ နည်းဥပဒေတွေရေးဆွဲရပါဦးမယ် ။ ပြီးတော့မှ ဥပဒေနဲ့ ဆိုင်တဲ့ ဘယ်လိုကိစ္စတွေကို ထောက်ပံ့သွားမယ် ဘယ်လိုကိစ္စတွေက ရှေ့ နေလိုမယ်စသည်ဖြင့်ပေါ့ ဆောင်ရွက်လို့ ရမယ် အခုကတော့ နည်းဥပဒေထွက်နိုင်အောင် အရင်လုပ်ဦးမယ်” လို့ အဖွဲ့ ရဲ့ဥက္ကဌ ဦးဥာဏ်ဝင်းကပြောပါတယ်။ တရားလွှတ်တော်ရှေ့ နေ ဦးကျော်ငြိမ်းကတော့ ” အခုနောက်ပိုင်းဥပဒေတွေမှာတော့ အရင်ကလို ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုတာမျိုး ကန့် သတ်ချက်တွေမပါတော့ဘူး /ဒါက အဖွဲ့ အစည်းတစ်ခု ကော်မတီတစ်ခုဖွဲ့ စည်းတာဆိုတော့ အရည်အသွေးသတ်မှတ်ချက်က အဲဒီလောက်မများဘူး ပါတီဘက်က ဖြစ်နေလည်း အခုလိုခန့် အပ်လို့ ရပါတယ်” လို့ ရှင်းပြပါတယ်။

ဦးဥာဏ်ဝင်းကတော့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးနဲ့ သက်ဆိုင်တဲ့ NEO များ၊ အရပ်ဘက်အဖွဲ့ အစည်းများနဲ့ လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*