ဝန်​​ဆောင်​မှုအသစ်​​တွေ​ကြောင့်​ ​ငွေ​ကြေးကဏ္ဍ၂၂ ရာခိုင်​နှုန်းခန့်​တိုးတက်​လာ

ဝန်​​ဆောင်​မှုအသစ်​​တွေ​ကြောင့်​ ​ငွေ​ကြေးကဏ္ဍ၂၂ ရာခိုင်​နှုန်းခန့်​တိုးတက်​လာ
November 16, 2017 Asian Fame

3:34 pm
ဝန်​​ဆောင်​မှုအသစ်​​တွေ​ကြောင့်​ ​ငွေ​ကြေးကဏ္ဍ၂၂ ရာခိုင်​နှုန်းခန့်​တိုးတက်​လာ

u sat aungနေပြည်တော် ၊ နိုဝင်ဘာ ၁၆

၂၀၁၇_၂၀၁၈ ဘဏ္ဍရေးနှစ် ပထမခြောက်လပတ်တာ ကာလအတွင်း အစိုးရက ဆောင်ရွက်နေတဲ့ ကဏ္ဍ၁၂ခု အနက် ငွေရေးကြေးရေး ကဏ္ဍဟာ ၀န်ဆောင်မှုအသစ်တွေ ဖော်ထုတ်နိုင်ခဲ့လို့ ၂၂ရာခိုင်နှုန်းခန့်တိုးတက်လာခဲ့တယ်လို့ စီမံကိန်းနဲ့ဘဏ္ဍရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဆက်အောင်ကပြောပါတယ်။

ဒီကဏ္ဍဟာ တိုးတက်မှုအရှိဆုံးကဏ္ဍလို့လည်းသူကဆိုပါတယ်။ နိုဝင်ဘာလ ၁၆ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သူက အထက်ပါအတိုင်းပြောကြားခဲ့တာပါ။

“ငွေကြေးကဏ္ဍဟာ ကဏ္ဍတွေထဲမှာ တိုးတက်မှုအရှိဆုံးကဏ္ဍဖြစ်ပါတယ်၊ ၂၁ဒဿမ ၉ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပါတယ်”လို့သူကဆိုပါတယ်။ ဒီလို တိုးတက်ခဲ့တာကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံခြားဘဏ် ပြည်တွင်းဘဏ်တွေအပြင် MFTB(မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်) ၊ MICB (မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုနဲ့ ကုန်သွယ်မှုဘဏ်) ၊ MEB(မြန်မာ့ စီးပွားရေးဘဏ်)စတဲ့ ဘဏ်တွေက ငွေကြေးနဲ့ပတ်သက်ပြီး ၀န်ဆောင်မှုပေးနိုင်ခဲ့လို့ဖြစ်တယ်လို့ သူကဆိုပါတယ်။

ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွင် ပြီးခဲ့တဲ့ ၆လပတ်တာကာလအတွင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်တွင်တစ်ဦးချင်း ငွေစုဘဏ်စာရင်းနဲ့ ပုံသေအပ်ငွေစာရင်းတို့ကို မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်ပေးခြင်း ၊ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးခြင်း၊ဘဏ်အာမခံပေးခြင်း ၊ SMEလုပ်ငန်းများနဲ့ သွင်းကုန်အစားထိုး စက်မှုလက်မှုလုပ်ငန်းများအား ချေးငွေတိုးမြှင့်ထုတ်ချေးခြင်း ၊ ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ခုမှ ရုံးခွဲပေါင်း ၄၇ခုဖွင့်လှစ်နိုင်ခဲ့ခြင်း ၊သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်းအနေဖြင့် YBSယာဉ်အစီးရေ ၂၅၀ကိုလက်ခံပေးခြင်း စတဲ့အချက်တွေဖြစ်တယ်လို့ သိရပါတယ်။

သို့သော် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးရေးအတွက် အဓိကအချက်တွေဖြစ်တဲ့ အရင်းအနှီးချေးငွေရရှိရေး ချေးငွေပံ့ပိုးနိုင်မှုတွေမှာတော့ လိုအပ်နေဆဲဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သုံးသပ်ထားပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*