လှိုင်က သုံးလောင်းပြိုင်လူသတ်မှု တရားခံမိပြီ

လှိုင်က သုံးလောင်းပြိုင်လူသတ်မှု တရားခံမိပြီ
November 16, 2017 Asian Fame

11:51 am
လှိုင်က သုံးလောင်းပြိုင်လူသတ်မှု တရားခံမိပြီ

(ရန်ကုန် ၊ နိုဝင်ဘာ ၁၆)

မနေ့ည ၁ နာရီလောက်က လှိုင်မြို့နယ်ထဲမှာတွေ့ရှိခဲ့ရတဲ့ ပုတ်ပွနေတဲ့ သုံးလောင်းပြိုင်လူသတ်မှုရဲ့ တရားခံကို ဖမ်းမိပြီလို့ လှိုင်မြို့နယ်ရဲစခန်း အတည်ပြုပြောကြားပါတယ်။

“တရားခံ မိပါပြီ။ အခုမှစစ်နေတုန်း။ လူကြီးတွေ စစ်နေတုန်းပါ” လို့ လှိုင်မြို့နယ်ရဲစခန်း ရဲ့ တာဝန်ကျတာဝန်မှူးကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီအလောင်းသုံးလောင်းဟာ နေအိမ်ထဲမှာ ပုတ်ပွသေဆုံးနေတာဖြစ်ပြီး အသတ်ခံရတာ တစ်ပတ်လောက်ရှိပြီလို့ သိရပါတယ်။
လူသတ်မှုကျူးလွန်သူဟာ နေအိမ်က ဒါရိုက်ဘာ လုပ်သူသာဖြစ်ပြီး သူကိုယ်တိုင်ရဲစခန်းမှာ လာရောက်ဝန်ခံတာဖြစ်တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပေမယ့် ရဲတပ်ဖွဲ့က ဒါကိုတော့ အတည်ပြုပြောဆိုခြင်းမရှိသေးပါဘူး။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*