ရွှေခိုးတူးတဲ့ အမျိုးသား(၄)ဦး တွင်းထဲပိတ်မိနေလို့ ရှာဖွေနေ

ရွှေခိုးတူးတဲ့ အမျိုးသား(၄)ဦး တွင်းထဲပိတ်မိနေလို့ ရှာဖွေနေ
November 15, 2017 Asian Fame

2:18 pm
ရွှေခိုးတူးတဲ့ အမျိုးသား(၄)ဦး တွင်းထဲပိတ်မိနေလို့ ရှာဖွေနေ

gold(စဥ့်ကူး ၊ နိုဝင်ဘာ ၁၅)

ရွှေခိုးတူးတဲ့ အမျိုးသား ၄ ဦး တွင်းထဲ ပိတ်မိနေလို့ သက်ဆိုင်ရာကကြိုးစားရှာဖွေနေပါတယ်။

အမျိုးသား ၄ ဦး ပိတ်မိနေတဲ့ ရွှေတွင်းက စဥ့်ကူးမြို့နယ်၊ ငါးပြားပေးကျေးရွာထဲမှာ ရှိတဲ့ ပြည်သာနိုင်ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီ ပိုင် အင်းအတွင်းထဲမှာရှိပါတယ်။

စတင်ပိတ်မိနေတာက နိုဝင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းကတည်းကပါ။

ယခုအချိန်အထိ (နိုဝင်ဘာလ ၁၅ရက်နေ့ နေ့လည် ၂နာရီအချိန်အထိ) ရွှေခိုးတူးတဲ့ အမျိုးသား ၄ ဦး ထဲက ၁ဦးရဲ့ အလောင်းကိုသာ တွေ့ထားပြီး၊ကျန်သူတွေကို ဆက်လက်ရှာဖွေနေကြောင်း စဥ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးက Popular News ကိုပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနကတော့ အင်းအတွင်းကို အောင်မျိုးဦး(၂၇)နှစ်အပါအ၀င် ၄ ဦးတို့ ဝင်ရောက်ခိုးယူတူးဖော်နေစဉ် အင်းနံရံပြိုကျလို့ ပိတ်မိခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ရေအနက်(၁၈၀)ပေရှိ အင်းအတွင်းက ရေတွေကို ရေစုပ်စက်(၃)လုံးနဲ့ သက်ဆိုင်ရာက စုပ်ထုတ်နေပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*