အစေ့ထုတ် ပြောင်းဈေးနှုန်းများ ကျဆင်းနေသည့် အတွက် ကုန်သည်များ အထိနာ

အစေ့ထုတ် ပြောင်းဈေးနှုန်းများ ကျဆင်းနေသည့် အတွက် ကုန်သည်များ အထိနာ
November 15, 2017 Asian Fame

12:14 pm
အစေ့ထုတ် ပြောင်းဈေးနှုန်းများ ကျဆင်းနေသည့် အတွက် ကုန်သည်များ အထိနာ

cornနေပြည်တော် ၊နိုဝင်ဘာ(၁၅)

တရုတ်နိုင်ငံကို အဓိကတင်ပို့နေသည့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေသည့် အတွက် လှောင်ထားသည့် ကုန်သည်များ အထိနာလျက်ရှိကြောင်း ကုန်စည်ဒိုင်များမှသိရသည်။

“အခုက တရုတ်ဖက်မှာ အဖမ်းအဆီး များနေတော့ ပို့မရသေးဘူး ၊ပြည်တွင်းက အစာစပ် စက်ရုံတွေကလည်း ဝယ်လိုအား နည်းနေချိန်ဖြစ်လို့ ကုန်သည်တွေလက်ထဲမှာဈေးက ကျနေတာပေါ့”ဟု မကွေးကုန်စည်ဒိုင်မှ သီးနှံကုန်သည် ဦးမျိုးဝင်းကဆိုသည်။

စက်တင်ဘာလဆန်းတွင် စတင်ပေါ်လာသည့် အစေ့ထုတ်ပြောင်းဈေးမှာ တစ်တင်းလျှင် ကျပ်(၈၅၀၀) ခန့်ရှိခဲ့သော်လည်း ယခုအခါတစ်တင်းလျှင် ကျပ်(၅၅၀၀)ခန့်သာ ပေါက်ဈေးရှိကြောင်း သိရသည်။

အစေ့ထုတ်ပြောင်းများကို လက်ရှိတွင် ပြည်တွင်းရှိ အစာစပ်စက်ရုံများကိုသာရောင်းချနေကြရပြီး တစ်တင်းလျှင် ကျပ်ငါးထောင်ကျော်ခန့်သာ ရရှိသည့်အတွက် သိုလှောင်ထားသည့် ကုန်သည်များအခက်တွေ့နေရခြင်းဖြစ်သည်။

ယခင်နှစ်ကအစေ့ထုတ်ပြောင်းများကို ဝယ်လိုအားနည်းပါးလွန်းသည့်အတွက် တစ်တင်းလျှင်ကျပ်သုံးထောင်ခန့်သာ ရရှိခဲ့ဖူးကြောင်း ကုန်သည်များထဲမှသိရသည်။

အစေ့ထုတ်ပြောင်းဈေးနှုန်းများ ကျဆင်းနေသော်လည်း တောင်သူများထံတွင်မရှိတော့သည့်အတွက် ထိခိုက်ခြင်းမရှိကြောင်း သိရသည်။
အစေ့ထုတ်ပြောင်းအများဆုံးစိုက်ပျိုးသည့် ဒေသများမှာ ရှမ်း၊ကချင်၊မန္တလေး၊နေပြည်တော်နှင့်မကွေးတိုင်းဒေသကြီးတို့ ဖြစ်ကြသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*