ရေကန်၊ရေစုကန်များကို မြေဖို့ ပြီး အဆောက်အဦး ဆောက်လုပ်ခြင်းများ လုံးဝ ခွင့်မပြုထားဟု မြို့တော်ဝန် ပြော

ရေကန်၊ရေစုကန်များကို မြေဖို့ ပြီး အဆောက်အဦး ဆောက်လုပ်ခြင်းများ လုံးဝ ခွင့်မပြုထားဟု မြို့တော်ဝန် ပြော
November 14, 2017 Asian Fame

5:37 pm
ရေကန်၊ရေစုကန်များကို မြေဖို့ ပြီး အဆောက်အဦး ဆောက်လုပ်ခြင်းများ လုံးဝ ခွင့်မပြုထားဟု မြို့တော်ဝန် ပြော

U-Mg-Mg-Soe(ရန်ကုန် ၊ နိုဝင်ဘာ ၁၄)

ယခု အစိုးရလက်ထက်မှာ ရန်ကုန်တိုင်း အတွင်းရှိ ရေကန် ၊ရေစုကန်များကို မြေဖို့ ပြီး အဆောက်အဦးဆောက်လုပ်ခြင်းများ လုံးဝခွင့်မပြုဘူးလို့ ရန်ကုန်တိုင်းဒေသကြီး မြို့ တော်ဝန်ဦးမောင်မောင်စိုးကပြောပါတယ်။

” ရန်ကုန်တိုင်းမှာ YCDC အနေနဲ့ သတ်မှတ်ထားပြီးဖြစ်တဲ့ သဘာဝကန်တွေ နောက်ရေစုကန်တွေ အကုန်လုံးက YCDC ရဲ့မြို့ကွက်ပြမြေပုံမှာတရားဝင်သတ်မှတ်ထားပြီးဖြစ်ပါတယ် ။ အားလုံးကို ကျွန်တော်တို့ လက်ထက်မှာ အဆောက်အဦးဆောက်လုပ်ခွင့်ကို လုံးဝခွင့်မပြုပါဘူး ” လို့ မြို့ တော်ဝန်ကဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းက ရေကန်၊ရေစုကန်များကို မြေဖို့ ပြီး အဆောက်အဦးများဆောက်လုပ်ခြင်းတို့ ကို လုံးဝခွင့်မပြုဖို့ နဲ့ ကောနေတဲ့ ရေကန်များကို ပြန်လည်ဖော်ထုတ်ပေးဖို့ ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မရမ်းကုန်းမြို့ နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းက အဆိုတစ်ခုတင်သွင်းခဲ့ရာမှာ မြို့တော်ဝန်က အထက်ပါအတိုင်းဖြေကြားလိုက်တာပါ။

အဲဒီ အဆိုကို လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်( ၁ ) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း က ထောက်ခံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီင်္းအစိုးရအဖွဲ့ မှ မြို့ တော်ဝန်ဦးမောင်မောင်စိုးကလည်းယခုတင်သွင်းတဲ့အဆိုကို ဆွေးနွေးသင့်တယ်လို့ လွှတ်တော်မှာထောက်ခံပါတယ်။

” အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီးမှာ အထူးသဖြင့် စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ရှိတဲ့မြို့ နယ်တော်တော် များများတို့ မှာ မူလသဘာဝအလျောက် ရှိတဲ့ရေကန် များဟာ တစ်နေ့ တစ်ခြားပျောက်ကွယ်ကုန်တာကို တွေ့ ရပါတယ်။ ပျောက်ကွယ်ကုန်ကြတဲ့ အကြောင်းရင်းများကတော့ အဲဒီနေရာတွေဟာ အရင်က ပုဂ္ဂလိကပိုင်မဟုတ်ဘဲ အများပိုင် မီးသတ်ကန် ၊ သဘာဝရေကန်အဖြစ် တည်ရှိခဲ့တာကြောင့်ထိန်းသိမ်းမှုအားနည်းခဲ့တဲ့အခါ စည်းကမ်းမဲ့အမှိုက်များ စွန့် ပစ်မှုအပါအ၀င် ကျူးကျော်ဝင်ရောက်မှုတွေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုရှိပေမယ့် ရေကန်များဖြစ်တဲ့အတွက် ဈေးသက်သာတဲ့အတွက် ၀ယ်ပြီး မြေဖို့ ပစ်လိုက်တာကြောင့်ဆိုတာတွေ့ ရပါတယ် ။အဲဒါကြောင့်အခု လူနေရပ်ကွက်တွေမှာ တစ်နေ့ တစ်ခြား ရေကြီးရေလျှံမှုတွေပိုမိုကြုံတွေ့ နေကြရပါတယ်” လို့ အဆိုတင်သွင်းတဲ့ ဦးရန်ရှင်းက
ပြောပါတယ်။

လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်မည့်သူမရှိတာကြောင့် နောက်ပုံမှန်အစည်းအဝေးများမှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။မြို့ တော်ဝန်ကတော့ အဆိုမှာပါဝင်တဲ့ မြေပုံမှာမပါဝင်တဲ့ ရေကန်များ
နဲ့ ရေစုကန်များကိုတော့ ထည့်သွင်းသတ်မှတ်လို့ မရဘူးလို့ ဆိုပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*