မန္တလေးက အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး သွေးအိုင်ထဲ လဲကျသေဆုံးနေ

မန္တလေးက အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး သွေးအိုင်ထဲ လဲကျသေဆုံးနေ
November 14, 2017 Asian Fame

5:23 pm
မန္တလေးက အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး သွေးအိုင်ထဲ လဲကျသေဆုံးနေ

oad(မန္တလေး ၊နိုဝင်ဘာ၁၄ )

မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းက တိုက်ခန်း တစ်ခုအတွင်း အသက် ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦး သွေးအိုင်ထဲလဲကျသေဆုံးနေတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူသတ်မှုနဲ့ရဲကအမှုဖွင့်ထားပြီး တရားခံဖမ်းဆီးနိုင်ရေး လိုက်လံစုံစမ်းနေပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၇၃ လမ်း(မန္တလေးမတ္တရာကားလမ်းဘေး)၊ ၇ လမ်း နဲ့ ၈ လမ်းကြား ရွှေမန်းတောင်ဂေါက်ကွင်းတိုက် တန်း၊ အခန်းအမှတ် —- မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခန်းအတွင်း တစ်ယောက်ထဲနေတဲ့ သေဆုံးသူ စိုင်းလုံဟာ ယမန်နေ့ညက မိခင်ဖြစ်သူဆီ ထမင်းလာမစားတာကြောင့် မိခင်ဖြစ်သူက စိုးရိမ်စိတ်နဲ့ တိုက်ခန်းဆီ လာကြည့်တာမှာ တစ်ခန်း ကျော်နေသူမှ ယမန်နေ့ည က စိုင်းလုံရဲ့အခန်းဘက်မှာ ဆူညံသံတွေကြားရကြောင်း၊ နောက်တော့ ငြိမ်သက်သွားကြောင်း ပြောပြတာကြောင့် တိုက်ခန်းရှေ့ကနေ သားဖြစ်သူရဲ့နာမည်ကို အော်ခေါ်ခဲ့ကြောင်း၊ တိုက်ခန်းထဲမှ ပြန်ထူးသံ မကြားရကြောင်း၊ သံတံခါးမှာလည်း အတွင်း မှသော့ခတ်ထားကြောင်း၊အတွင်းလိုက်ကာအား အပြင်မှဆွဲလှန်ကြည့်ရာ သွေးအိုင်တွေ့ရပြီး အိမ်သာရှေ့မှာ လဲကျနေတဲ့ သားဖြစ်သူကိုတွေ့ရကြောင်း၊
ပတ်ဝန်းကျင်အကူအညီနဲ့ တံခါးသော့ဖျက် ၀င်ရောက်ရာမှာ သွေးအိုင်ထဲသေဆုံးနေတာ ကိုတွေ့ရကြောင်း ဖြစ်စဉ်နဲ့ပတ်သက်လို့ အမှတ် ၂ နယ်မြေရဲစခန်း ဆီတိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။

mdy1သေဆုံးသူအား မန္တလေးအထွေထွေဆေးရုံကြီး ရင်ခွဲရုံဆီပို့ဆောင်စစ်ဆေးတာမှာ လည်ပင်းပြတ်ရှဒဏ်ရာ နဖူးပြတ်ရှဒဏ်ရာ ယာမျက်ခုံးပြတ်ရှဒဏ်ရာဒဏ်ရာ နဲ့ ဦးခေါင်းညာဂျိုဇောင်း ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာ လို့သိရတာ ကြောင့် သတ်ဖြတ်ခံရမှုလို့ ယူဆထားပြီး (ပ)၃၂၇/၂၀၁၇ လူသတ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ဆောက်ရွက် တရားခံဖမ်းမိဖို့အပူတပြင်းကြိုးပမ်းနေတယ်လို့ အမှတ် ၂ နယ်မြေရဲစခန်းတာဝန်ကျရဲအရာရှိကဆီကသိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*