စီးတီးတက္ကစီ အဖြစ်မှတ်ပုံတင်ထားသည့် ကားများကိုသာ ရန်ကုန်မြို့အတွင်း ဆက်လက်ပြေးဆွဲ ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်

စီးတီးတက္ကစီ အဖြစ်မှတ်ပုံတင်ထားသည့် ကားများကိုသာ ရန်ကုန်မြို့အတွင်း ဆက်လက်ပြေးဆွဲ ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်
November 14, 2017 Asian Fame

11:46 am
စီးတီးတက္ကစီ အဖြစ်မှတ်ပုံတင်ထားသည့် ကားများကိုသာ ရန်ကုန်မြို့အတွင်း ဆက်လက်ပြေးဆွဲ ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်

carနေပြည်တော်၊ နိုဝင်ဘာ (၁၄)

ရန်ကုန်တိုင်းအတွင်းပြေးစွဲနေသော တက္ကစီများကိုစိစစ်မှုများပြုလုပ်ကာ စီးတီးတက္ကစီ အဖြစ်မှတ်ပုံတင်ထားသည့် ယာဉ်များကိုသာဆက်လက်ပြေးဆွဲ ခွင့်ပြုမည် ဆိုသည့် သတင်းများ ယခုရက်ပိုင်းအတွင်းထွက်ပေါ်လာသည်။

ရန်ကုန်တိုင်းအတွင်း တက္ကစီအစီးရေ များပြားလွန်းနေပြီး ယာဉ်ကြောကြပ်တည်းမှုများဖြစ်ပေါ်နေသည်ဟုဆိုကာရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တက္ကစီအစီးရေလျှော့ချရန်စီစဉ်နေကြောင်း သတင်းများထွက်နေခြင်းဖြစ်သည်။

“ရန်ကုန်မှာက ခရိုင်အလိုက် (W,E,N,S)ဆိုပြီး နံပါတ်တွေနဲ့ စီးတီးတက္ကစီတွေကိုမှတ်ပုံတင်ထားရပါတယ်။အခုဟာက နယ်နံပါတ်တွေလည်း တက္ကစီဝင်ဆွဲနေကြတော့ ကန့်သတ်ချင်တဲ့သဘောဖြစ်ပါလိမ့်မယ်”ဟု မြောက်ဥက္ကလာမြို့နယ်မှ တက္ကစီယာဉ်မောင်း ကိုမျိုးသူရကဆိုသည်။

ရန်ကုန်တိုင်းအတွင်းတွင် စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ငါးသောင်းခွဲခန့် ရှိနေကြောင်း (YRTA) ၏စာရင်းများအရသိရသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA)မှ ယခုနှစ်ကုန်နောက်ဆုံးထားပြီး စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင် လာရောက်ဆောင်ရွက်ကြရန်ကြေညာထားပြီး လာမည့်နှစ်ဆန်းမှစတင်ကာ စီးတီးတက္ကစီအဖြစ်မှတ်ပုံတင် မထားသည့် တက္ကစီယာဉ်များအားလုံးကို အရေးယူသွားရန်စီစဉ်နေကြောင်းသိရသည်။

“တစ်ခုခု မတော်တဆမှုဖြစ်စေ၊ ဒုစရိုက်မှုတစ်ခုခုဖြစ်စေ ဖြစ်ပေါ်လာရင် လွယ်လွယ်ကူကူ စုံစမ်း ရှာဖွေနိုင်အောင် မှတ်ပုံတင်ကြဖို့လိုပါတယ်။ နောက်ပြီး ယာဉ်ကြောကြပ်တည်းမှုတွေဖြစ်ပေါ်နေတဲ့အတွက် တက္ကစီအစီးရေကိုလည်း လိုအပ်သလောက်ဘဲ ပြေးဆွဲခွင့်ပြုဖို့လုပ်မှာပါ။ အသေးစိတ်အစီအစဉ်တွေကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်တွေအတိုင်း လုပ်မှာပါ”ဟု (YRTA)မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ရန်ကုန်တိုင်း အတွင်းယာဉ်ကြောကြပ်တည်းမှုပြေလျော့စေရေးနှင့်စည်းကမ်းတကျ ခရီးသည်တင်ဆောင်ပြေးစွဲစေရေးတို့အတွက် စီးတီးတက္ကစီများအဖြစ်မှတ်ပုံတင်ပြီးမှသာ ပြေးစွဲခွင့်ပြုသွားမည်ဟု (YRTA)မှ သိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*