ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားတဲ့ပုဂ္ဂလိကသူနာပြုသင်တန်းကျောင်းတွေကိုအရေးယူမယ်လို့ သူနာပြုနဲ့သားဖွားကောင်စီသတိပေး

ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားတဲ့ပုဂ္ဂလိကသူနာပြုသင်တန်းကျောင်းတွေကိုအရေးယူမယ်လို့ သူနာပြုနဲ့သားဖွားကောင်စီသတိပေး
November 14, 2017 Asian Fame

3:46 pm
ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားတဲ့ပုဂ္ဂလိကသူနာပြုသင်တန်းကျောင်းတွေကိုအရေးယူမယ်လို့ သူနာပြုနဲ့သားဖွားကောင်စီသတိပေး

နေပြည်တော်၊နိုဝင်ဘာ ၁၄

နိုင်ငံမှာ သူနာပြုနဲ့သားဖွားကောင်စီရဲ့ ခွင့်ပြုချက်နဲ့ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကသူနာပြုသင်တန်းကျောင်းလုံးဝမရှိကြောင်းနဲ့ ဖွင့်လှစ်ထားတာတွေရှိရင် အဲဒီ့သင်တန်းကျောင်းတွေကို အရေးယူမယ်လို့ ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အရေးယူသွားမယ့် ကိစ္စနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံသူနာပြုနဲ့သားဖွားကောင်စီဘက်က ”အသိအမှတ်ပြုလက်မှတ်မရှိဘဲ ကြိုတင်ဖွင့်လှစ်ထားသော သင်တန်းကျောင်း တက္ကသိုလ်ကောလိပ် တွေရှိရင် မြန်မာနိုင်ငံသူနာပြုနဲ့သွားဖွားကောင်စီဥပဒေပုဒ်မ ၃၅ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ရာကျတဲ့အတွက် ဥပဒေပုဒ်မ ၃၉ အရ အရေးယူခံရမယ်”လို့ ဥပဒေအချက်အလက်တွေကိုးကားပြီး သတိပေးထားတာတွေ့ရပါတယ်။

ဒါ့အပြင် ကောင်စီက အသိအမှတ်ပြုထားခြင်းမရှိတဲ့ သင်တန်းကျောင်းတွေကနေ အောင်မြင်လာတဲ့ သူတွေကိုလည်း ကောင်စီဘက်က သူနာပြုအဖြစ် မှတ်ပုံတင်ခွင့် ၊ သူနာပြုလုပ်ငန်းဆောင်ရွက်နိုင်ခွင့် (လိုင်စင်) တွေကို ဥပဒေအရ ထုတ်ပေးနိုင်ခွင့်မရှိဘူးလို့ ထပ်လောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ြ့ပီး မြန်မာနိုင်ငံသူနာပြုနဲ့သားဖွားကောင်စီ အတွင်းရေးမှူး ဦးကြည်ဝင်း ကို ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရာမှာတော့ “ဥက္ကဌကြီးက အိုင်ယာလန်ကိုသွားနေလို့ ၁၈ / ၁၉ လောက်မှပြန်ရောက်ပါမယ်။ အဲ့ဒီအခါကြရင် ဖြေကြားပေးပါ့မယ် ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ သူနာပြု ညွှန်မှူး ဖြစ်သူ ဒေါ်ခင်မာကြည်ကတော့ အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်းတွေကို သတိပေးတဲ့သဘောဖြစ်မယ်လို့ မှတ်ချက်ပြုပါတယ်။

လက်ရှိမှာ ပုဂ္ဂလိကသူနာပြုသွားဖွားအတတ်ပညာသင်ကျောင်း ၊ တက္ကသိုလ် ၊ ကောလိပ် ၊ ဒီဂရီကောလိပ် ၊ သိပ္ပံ ၊ ကျောင်း (သို့) သင်တန်းကျောင်းတွေ ဖွင့်လှစ်နိုင်ရေးကိစ္စကို ဥပဒေနည်းဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ စိစစ်ဆောင်ရွက်နေဆဲဖြစ်တယ်လို့လည်း သူနာပြုနဲ့သားဖွားကောင်စီက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလလောက်က နိုင်ငံမှာ ပုဂ္ဂလိကသူနာပြု-သားဖွားသင်တန်းကျောင်းများ တရားဝင်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူအချို့ ညှိနှိုင်းအစည်းအဝေး လုပ်ခဲ့ကြတာရှိခဲ့ဖူးပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*