KNU-KNLA/PC အဖွဲ့အစည်းနာမည်အလွဲသုံးစားလုပ်ခဲ့တဲ့ စီးပွားရေးတာဝန်ခံကွယ်လွန်သွားပြီဖြစ်ပေမယ့် နောက်ဆက်တွဲပြဿနာတွေကို အဲဒီအဖွဲ့ကပဲ အတတ်နိုင်ဆုံးဖြေရှင်းပေးသွားမည်ဟုဆို

KNU-KNLA/PC အဖွဲ့အစည်းနာမည်အလွဲသုံးစားလုပ်ခဲ့တဲ့ စီးပွားရေးတာဝန်ခံကွယ်လွန်သွားပြီဖြစ်ပေမယ့် နောက်ဆက်တွဲပြဿနာတွေကို အဲဒီအဖွဲ့ကပဲ အတတ်နိုင်ဆုံးဖြေရှင်းပေးသွားမည်ဟုဆို
November 11, 2017 Asian Fame

12:01 pm
KNU-KNLA/PC အဖွဲ့အစည်းနာမည်အလွဲသုံးစားလုပ်ခဲ့တဲ့ စီးပွားရေးတာဝန်ခံကွယ်လွန်သွားပြီဖြစ်ပေမယ့် နောက်ဆက်တွဲပြဿနာတွေကို အဲဒီအဖွဲ့ကပဲ အတတ်နိုင်ဆုံးဖြေရှင်းပေးသွားမည်ဟုဆို

23473238_1598742483503044_5170366512719366550_n

မန္တလေး၊ နိုဝင်ဘာ ၁၁

ပြည်တွင်းက ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU-KNLA/PC အဖွဲ့အစည်းနာမည်အလွဲသုံးစားလုပ်ပြီး မိမိပိုင်လုပ်ငန်းက ၀န်ထမ်းတွေကို ညှင်းပန်းနှိပ်စက်ခဲ့၊ စီးပွားရေးသမားတွေကိုလိမ်လည်မှုတွေပြုလုပ်ခဲ့တဲ့ KNU-KNLA/PC ရဲ့စီးပွားရေးတာဝန်ခံဆိုသူဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က ရောဂါနဲ့ကွယ်လွန်သွားခဲ့ပြီဖြစ်တာကြောင့် သူ့ရဲ့နောက်ဆက်တွဲပြဿနာတွေကို KNU-KNLA/PC ကပဲ အတတ်နိုင်ဆုံးဖြေရှင်း ပေးသွားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

“ဗျူဟာ ၂ ရဲ့ခွဲမှူးဆီကကိုလိမ်ခဲ့တာပါ၊ သိန်းပေါင်း ၂၅၀၀ ကျော်ဆိုတာ လက်ရှိလိမ်သွားတာပဲရှိပါသေးတယ်၊ ကျွန်တော်တို့စိုက်ထုတ်ပေးလိုက်တာ မပါသေးပါဘူး၊ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ညံ့လို့ခံလိုက်ရတယ်လို့ပဲမှတ်ပါတယ်၊ အခုလတ်တလောလုပ်သွားမှာကတော့ ပန်ဒိုရာအဆီချလုပ် ငန်းမှာ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ကလေးတွေအတွက် သူတို့ဘ၀ပြန်လည်ထူထောင်နိုင်ဖို့ပါပဲ၊ နောက်ပြီးတော့ နစ်နာသူတွေကိုလည်း အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားဖို့စီစဉ်ထားပါတယ်” လို့ KNU-KNLA/PC မှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူဗိုလ်မှူးကြီးစောကိုကိုနိုင်က ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။

KNU-KNLA/PC ရဲ့စီးပွားရေးတာဝန်ခံဆိုသူဟာ စောလှဌေး(ခ)စောတာဘလဲ(ခ)ဦးလှဌေး ဆိုသူပဲဖြစ်ပြီး ၄င်းအနေနဲ့ မန္တလေးမြို့မှာ ပန်ဒိုရာအဆီချ လုပ်ငန်းဆိုတဲ့အမည်နဲ့ လုပ်ငန်းတစ်ခုလုပ်ကိုင်ခဲ့တာမှာ ၀န်ထမ်းအမျိုးသမီးငယ်လေးတွေအပေါ် ညှင်းပန်းနှိပ်စက်မှုနဲ့ တရားစွဲဆိုခံခဲ့ပါတယ်။

“နောက်တော့ သူက နိုင်ငံခြားကိုထွက်ပြေးတယ်၊ ကျွန်တော်တို့ကစခန်းကိုခေါ်လိုက်တယ်၊ မင်းလုပ်ထားတာတွေရှင်းပါလို့ပြောတော့ သူက မပေးချင်လို့ မပေးတာလို့ပြန်ပြောတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှာ ဒီလိုလုပ်လို့မရဘူး၊ လူမိုက်စကားတွေပြောလာတာ ကျွန်တော်တို့လက်မခံဘူး” လို့ လည်း ဗိုလ်မှူးကြီးစောကိုကိုနိုင်ကပြောပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁၅ ရက်က စောလှဌေး(ခ)စောတာဘလဲ(ခ)ဦးလှဌေးကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် KNU-KNLA/PC စစ်ဗျူဟာ ၃ မှာ ထိန်း သိမ်းထားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှာတော့ အဲဒီစခန်းမှာပဲ ရောဂါနဲ့ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။

“ရောဂါနဲ့ဆုံးသွားတာပါ၊ ဒါနဲ့ပတ်သက်လို့လည်း အခုသတင်းစာရှင်းလင်းပွဲလုပ်တာပါ၊ နောက်တစ်ခုက သူလုပ်ခဲ့တာတွေအတွက် ကျွန်တော်တို့က အတတ်နိုင်ဆုံးရှင်းပေးဖို့ပါပဲ၊ ဒီကလေးတွေအတွက်တော့ သူတို့ဘ၀ပြန်ထူထောင်ဖို့ကူညီထောက်ပံ့ပေးသွားမှာပါ” လို့လည်း ၄င်းကဆိုပါတယ်။

အဲဒီစီးပွားရေးတာဝန်ခံဆိုသူဟာ အဖွဲ့အစည်းနာမည်သုံးပြီး စီးပွားရေးလိမ်လည်မှုတွေလုပ်ခဲ့တာမှာ ငွေကျပ်သိန်းနှစ်ထောင့်ငါးရာကျော် အကြွေးတင်ခဲ့တယ်လို့သိရပြီး ဒါနဲ့ပတ်သက်လို့လည်း လုပ်ငန်းရှင်တွေဘက်က နစ်နာမှုတွေတောင်းဆိုနေတယ်လို့သိရပါတယ်။

“ကျွန်မအနေနဲ့ကတော့ ကလေးတွေဘ၀ပြန်လည်ထူထောင်နိုင်ဖို့ပဲစဉ်းစားပါတယ်၊ ကလေးတွေကို အလှပြင်ဆိုင်တစ်ခုဖွင့်ပေးချင်တယ်၊ ဗိုလ်မှူးကြီး ဘက်ကလည်း သူတို့ဘ၀ပြန်လည်ထူထောင်ပေးဖို့ကူညီမယ်လို့ပြောတော့ ၀မ်းသာရပါတယ်၊ အဖွဲ့အစည်းဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းစိတ် မကောင်းဖြစ်နေကြတယ်တဲ့၊ ကျွန်မကလေးတွေအတွက် ကူညီထောက်ပံ့ပေးမယ်ဆိုတော့ ကျွန်မဘက်ကလည်းကလေးတွေကိုအသက်စွန့်ကူညီရကျိုး နပ်ပါပြီ” လို့ ပန်ဒိုရာအဆီချလုပ်ငန်းမှ ၀န်ထမ်းအမျိုးသမီးတွေကို ဒီနေ့အထိကူညီစောင့်ရှောက်ပေးနေတဲ့ ဒေါ်အမာနီကပြောပါတယ်။

KNU-KNLA/PC အနေနဲ့ကတော့ အဖွဲ့အစည်းနာမည်အလွဲသုံးစားပြုပြီး ပြည်သူအပေါ် လိမ်ညာညှင်းပန်းနှိပ်စက်သူမှန်သမျှ ဆက်လက်ဖော်ထုတ် အရေးသွားမှာဖြစ်တယ်လို့ပြောထားသလို အခုအချိန်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း အဖွဲ့အစည်းနာမည်အလွဲသုံးစားပြုခဲ့တဲ့အမှု ၆ မှုအတွက် အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

“ကျွန်တော်တို့အဖွဲ့အစည်းနာမည်သုံးပြီး မသမာမှုလုပ်ရင်ကျွန်တော်တို့ဆီတိုင်ပါ၊ ကျွန်တော်တို့က ဒေသတာဝန်ရှိသူတွေဆီဆက်သွယ်ပြီး ပူးပေါင်းဖမ်း ဆီးအရေးယူသွားမှာပါ” လို့ KNU-KNLA/PC မှ
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူဗိုလ်မှူးကြီးစောကိုကိုနိုင်ကပြောပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*