အုပ်ချုပ်ရေးမှူးတွေက သူတို့ ကို ပြန်လည်ချေပပြောဆိုသူများကို အသရေဖျက်မှုနဲ့ တရားစွဲလို့ တိုင်ကြားမှုများ ရန်ကုန်လွှတ်တော်၊ တိုင်စာကော်မတီမှာ အများဆုံးဖြစ်နေ

အုပ်ချုပ်ရေးမှူးတွေက သူတို့ ကို ပြန်လည်ချေပပြောဆိုသူများကို အသရေဖျက်မှုနဲ့ တရားစွဲလို့ တိုင်ကြားမှုများ ရန်ကုန်လွှတ်တော်၊ တိုင်စာကော်မတီမှာ အများဆုံးဖြစ်နေ
November 10, 2017 Asian Fame

3:59 pm
အုပ်ချုပ်ရေးမှူးတွေက သူတို့ ကို ပြန်လည်ချေပပြောဆိုသူများကို အသရေဖျက်မှုနဲ့ တရားစွဲလို့ တိုင်ကြားမှုများ ရန်ကုန်လွှတ်တော်၊ တိုင်စာကော်မတီမှာ အများဆုံးဖြစ်နေ

ရန်ကုန် ၊ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တိုင်ကြားစာများစီစစ်ရေးကော်မတီသို့ ရောက်ရှိလာတဲ့တိုင်စာများထဲမှာ အုပ်ချုပ်ရေးမှူးများက ၎င်းတို့ ကို ပြန်လည်ခွန်းတုံ့ ပြန်တဲ့ပြည်သူများကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတဲ့ကိစ္စ မကျေနပ်လို့ တိုင်ကြားကြ တဲ့တိုင်စာများအပါအ၀င်တရားရေးပိုင်းကိုတိုင်ကြားကြတဲ့တိုင်စာများအများဆုံးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တရားစီရင်ရေး ၊ ဥပဒေစိုးမိုးရေးနှင့်တိုင်ကြားစာများ ၊ အသနားခံစာများ စီစစ်ရေးကော်မတီက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ လွှတ်တော်ကိုရောက်ရှိလာတဲ့တိုင်ကြားစာများထဲက တိုင်ကြားစာစီစစ်ရေးကော်မတီနဲ့ ဆိုင်တဲ့တိုင်စာများဟာ ၃၀၀ ကျော်ရှိနေပြီး ယင်းတိုင်စာများထဲက ၁၅၀ ကျော်ကို ကွင်းဆင်း၊စစ်ဆေးကာ အစီရင်ခံများရေးသားတင်ပြဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့ တိုင်ကြားစာစီစစ်ရေးကော်မတီမှ အဖွဲ့ ဝင် ၊ လှိုင်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောပါတယ်။

“အထူးသဖြင့်တော့ မြေယာကိစ္စတွေပေါ့ တစ်ယောက်လယ်ကို နောက်လူက၀င်သိမ်းတာမျိုးတွေ။ နောက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူတွေနဲ့ ဖြစ်တဲ့အမှုတွေ။ ပြည်သူတွေက သူတို့ မှန်တယ်ထင်လို့ ပြန်လည်ခွန်းတုန့် ပြန်ပြောဆိုတာတွေ၊ တန်ပြန်ချေပတာတွေကို အုပ်ချုပ်ရေးမှူးတွေက သူတို့ ကို စော်ကားပြောဆိုတယ် ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တယ်ဆိုပြီးတောပေါ့ အသရေဖျက်မှုပေါ့လေ ပုဒ်မ ၅၀၀ နဲ့ တရားစွဲထားတာတွေရှိတယ် ဒါကိုမကျေနပ်လို့ ပြည်သူတွေက တိုင်ကြတဲ့အမှုတွေကတော့ အခုအများဆုံးပဲ’’ လို့ သူကဆိုပါတယ်။

တိုင်ကြားလာကြတဲ့ တိုင်စာများထဲမှာ တရားစီရင်ရေးနဲ့ ပတ်သတ်ပြီး မတရားခံရတယ်လို့ ဆိုပြီး တိုင်ကြားကြတဲ့တိုင်စာတွေလည်းပါဝင်တယ်လို့ ဦးကျော်ကျော်ထွန်းကဆက်ပြောပါတယ်။

“တစ်ချို့ တိုင်စာတွေကျတော့လည်း မသိလို့ စိုးရိမ်ပြီးတိုင်ကြတာတွေလည်းရှိတယ် တရားရုံးတွေကို တရားစီရင်ရေးအရမ်းကြာနေပြီဆိုတာမျိုးတွေပေါ့ ကျွန်တော်တို့ လေ့လာကြည့်တော့ သူတို့ ရဲ့အဆင့်ဆင့်လုပ်ရတဲ့ကိစ္စတွေရှိနေတယ် နောက်တိုင်ကြားတာအများဆုံးတစ်ခုကတော့ မြို့ တော်စည်ပင်ဝန်ထမ်းတွေကို တိုင်ကြားကြတာတွေပါတယ်’’ လို့ သူကဆက်ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တရားစီရင်ရေး ၊ ဥပဒေစိုးမိုးရေးနှင့်တိုင်ကြားစာများ ၊ အသနားခံစာများ စီစစ်ရေးကော်မတီဟာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဖွဲ့ စည်းထားတဲ့ ရေးရာကော်မတီ ၁၀ ခုထဲက အဖွဲ့ ဝင် ၁၁ ဦးပါဝင်တဲ့ကော်မတီတစ်ခုဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*