2:00 pm
(ရန်ကုန်၊နိုဝင်ဘာ ၁၀)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ တတိယအသုတ်အဝေးသင် သင်တန်းသားများ အနေနဲ့ ကျောင်းသားကဒ်ထုတ်ယူရာမှာ အနည်းငယ်ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ကျောင်းသားအချို့က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
“ကျွန်တော်ဆို မနေ့ကတစ်နေကုန်တန်းစီတယ်။ကျောင်းသားရေးရာပိတ်တော့မှာမို့ ချလန်ထားခဲ့ရတယ်။ဒီနေ့မှ ကျောင်းသားကဒ်ရတယ်။ဒါတောင် လူတော်တော်တိုးပြီး စောင့်ယူမှရတာ”လို့ စီးပွားစီမံ ဒုတိယနှစ်ကျောင်းသားတစ်ဦးကပြောပါတယ်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(တာဝ)မှာ နိုဝင်ဘာ ၉ရက်နေ့မှ ၁၈ရက်နေ့အထိ တတိယသုတ်အဝေးသင် အနီးကပ်သင်တန်းများပို့ချနေတာဖြစ်ပါတယ်။
ယနေ့ဟာဆိုရင် ဒုတိယမြောက်နေ့ဖြစ်ပြီး ကျောင်းသားကဒ်ထုတ်ယူသူတွေဟာ ပိုများလာတယ်လို့ အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားရေးရာဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ကျောင်းသားကဒ်ထုတ်ယူရာမှာ ဖြစ်ပေါ်နေတဲ့အခက်အခဲနဲ့ပက်သက်လို့ ကျောင်းသားရေးရာမှ တာဝန်ရှိသူတစ်ဦးက”ကလေးတွေက တန်းမစီဘူး။ကျောင်းသားဦးရေနဲ့ ဝန်ထမ်းဦးရေက မမျှလို့ကြာတဲ့သဘောပါ။
ဒီနေ့ကျောင်းသားကဒ်မရလိုက်တဲ့ကလေးတွေကို ချလန်တောင်းထားပြီး မနက်ြဖန်ရအောင်လုပ်ပေးနေပါတယ်။”လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
သီဟ