ဆရာ၊ဆရာမတွေ အင်္ဂလိပ်စာနဲ့ IT နည်းပညာကျွမ်းကျင်အောင်လုပ်ကြဖို့ ပညာရေးဝန်ကြီးမှာကြား

ဆရာ၊ဆရာမတွေ အင်္ဂလိပ်စာနဲ့ IT နည်းပညာကျွမ်းကျင်အောင်လုပ်ကြဖို့ ပညာရေးဝန်ကြီးမှာကြား
November 10, 2017 Asian Fame

4:32 pm
ဆရာ၊ဆရာမတွေ အင်္ဂလိပ်စာနဲ့ IT နည်းပညာကျွမ်းကျင်အောင်လုပ်ကြဖို့ ပညာရေးဝန်ကြီးမှာကြား

bbရန်ကုန် ၊ နိုဝင်ဘာ ၁၀

နှစ်ပေါင်းများစွာ ပညာရေးခေတ်နောက်ကျနေရာကနေ လမ်းမှန်ပေါ်ရောက်အောင်ဆောင်ရွက်နေချိန်မှာ ဆရာဆရာများ အင်္ဂလိပ်စာနဲ့ ICT ကျွမ်းကျင်အောင်ကြိုးပမ်းဆောင်ရွက်ရမယ်လို့ ပညာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာဆရာမများ ရာထူး/တိုး ပြောင်းဆောင်ရွက်ရန်အတွက် ရွေးချယ်ရေးတန်းစီဇယားသတ်မှတ်ခြင်း မူ ဆွေးနွေးပွဲမှာ သူကအမှာစကားပြောကြားခဲ့တ
ာဖြစ်ပြီးတော့ ဆရာများကိုယ်တိုင် အရည်အချင်းမြင့်မားဖို့ အတွက် စာများများဖတ်ကာ သုတေသနဂျာနယ်များမှာ သူတေသနစာတမ်းများရေးသားဖို့ လိုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူများကို အလွတ်ကျတ်မှတ်မှုကို အားမပေးဘဲ Deep Learning သင်ယူနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုများတိုးတက်အောင်ဆောင်ရွက်ဖို့ နဲ့ နိုင်ငံဝန်ထမ်းများဖြစ်နေတဲ့အတွက် ၀န်ထမ်းဥပဒေများနဲ့ 
ခွင့်ပြုဘဏ္ဍာငွေအရသာ ဆောင်ရွက်ပေးရတယ်လို့ လည်း ဒေါက်တာမျိုးသိမ်းကြီးကဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် (၁၃၃)ခုမှာ ဆရာဆရာမ (၂၁၂၄၅) ဦးရှိပြီး ကျောင်းသားကျောင်းသူအရေအတွက် (၈၃၅၄၃၃) ဦးရေရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးအပါအ၀င် ဒုတိယ၀န်ကြီးဦးဝင်းမော်ထွန်း၊ ပြည်သူ့ လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဌ ဒေါက်တာတင်အောင်၊ အဆင့်မြင့်ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့ နဲ့ အခြားတာဝန်ရှိသူများတက်ေ
ရာက်ခဲ့တယ်လို့ သိရပါတယ်။

AF – 245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*