ရေးဆွဲထားတဲ့ ရန်ကုန်စည်ပင် ဥပဒေကြမ်း ၂၂ ရက်နေ့ မှာ တိုင်းအစိုးရ သို့ တင်မည်

ရေးဆွဲထားတဲ့ ရန်ကုန်စည်ပင် ဥပဒေကြမ်း ၂၂ ရက်နေ့ မှာ တိုင်းအစိုးရ သို့ တင်မည်
November 9, 2017 Asian Fame

3:46 pm
ရေးဆွဲထားတဲ့ ရန်ကုန်စည်ပင် ဥပဒေကြမ်း ၂၂ ရက်နေ့ မှာ တိုင်းအစိုးရ သို့ တင်မည်

CPin(ရန်ကုန် ၊ နိုဝင်ဘာ ၉)

ရေးဆွဲလျက် ရှိနေတဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဥပဒေမူကြမ်းကို ယခုလ ၂၂ ရက်နေ့ နောက်ဆုံးထားစီစစ်ပြီး တိုင်းအစိုးရကိုတင်ပြတော့မယ်လို့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဥပဒေမူကြမ်းစီစစ်ရေး ကော်မတီမှ အဖွဲ့ ဝင် ဦးလှဌေး ကပေါ်ပြူလာနယူးစ်ကို
ပြေပါတယ်။

”အခု ဥပဒေကြမ်းက ဆွဲပြီးသွားပါပြီ ဒါကို စီစစ်ရေးအဖွဲ့ က စီစစ်နေတယ်။ ပြီးရင်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကို တင်ပြသွားပါမယ်။ တိုင်းအစိုးရအဖွဲ့ က ပြန်ကျလာရင်တော့ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ ပဲကျန်ပါတော့တယ်။ အခု ဥပဒေကြမ်းမှာ စင်ကာပူနိုင်ငံက ဥပဒေ
အပြင် အခြားဖွံ့ ဖြိုး တိုးတက်နေတဲ့နိုင်ငံ ၂ ခုလောက်က ဥပဒေတွေကိုပါ လေ့လာပြီး ထည့်သွင်းရေးဆွဲထားတယ်” လို့ သူကဆိုပါတယ်။

နဂိုရှိထားပြီးဖြစ်တဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဥပဒေကို အောက်တိုဘာလအတွင်းက ရုတ်သိမ်းလိုက်ပြီး ယခုအခါမှာ ၁၉၂၂ ခုနှစ် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေကို ပြန်လည်အခြေခံကာ ရေးဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။ အရင်အစိုးရလက်
ထက်က ရွေးချယ်ခဲ့တဲ့ စည်ပင်သာယာရေးကော်မတီဝင်များကို အစိုးရသစ်စတင်တာဝန်ယူခဲ့တဲ့နှစ် မေလ ၁၆ ရက်နေ့ က တာဝန်မှရပ်ဆိုင်းခဲ့တာဖြစ်သလို စည်ပင်ရွေးကောက်ပွဲကိုလည်း စည်ပင်ဥပဒေထွက်ရှိမှာသာ ကျင်းပမယ်လို့ တိုင်းအစိုးရက လွှတ်တော်မှာဖြေကြ
ားထားပါတယ်။

AF-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*