နို့သောက်သုံးမှု တိုးလာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည်

နို့သောက်သုံးမှု တိုးလာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည်
November 8, 2017 Fame Asian

1:14 pm
နို့သောက်သုံးမှု တိုးလာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည်

23231477_1613725662023043_1151877592742396414_n

နေပြည်တော် နိုဝင်ဘာ (၈)

ပြည်တွင်း၌ နို့နှင့်နို့ထွက်ပစ္စည်း အသုံးပြုမှုပိုမိုတိုးတက်လာစေရေးအတွက်မွေးမြူရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံနို့လုပ်ငန်းအသင်းတို့ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုသိရသည်။

မြန်မာနိုင်ငံ နို့လုပ်ငန်း အသင်း ဥက္ကဌ ဒေါက်တာခင်လှိုင်က”ပြည်တွင်းမှာ နွားနို့ သောက်သုံးမှုက လူတစ်ယောက်တစ်နှစ်ကို (၁၀)လီတာထက်မပိုပါဘူး၊ဒါကြောင့်လာမယ့်(၅)နှစ်အတွင်းမှာတစ်နှစ်ကို လူတစ်ယောက်ကနို့ လီတာ(၂၀)လောက်သောက်သုံးနိုင်အောင်ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟုဆိုသည်။

ပြည်တွင်းရှိနို့သောက်သုံးမှုနှုန်းမှာ လွန်စွာနိမ့်ကျနေပြီး အိမ်နီးချင်းထိုင်းနိုင်ငံနှင့်နှိုင်းယှဉ်ပါကလည်း ကွာဟနေသည့်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်းကာ နို့သောက်သုံးမှု မြင့်တက်လာစေရန် ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်ပစားသုံးမှုမလုံလောက်သဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများကိုနှစ်စဉ် ကန်ဒေါ်လာသန်း(၁၁၀)ဝန်းကျင်ခန့် ပြည်ပမှတင်သွင်းနေရသည်။

ပြည်တွင်း၌နို့စားနွားအကောင်ရေ သုံးသိန်းခန့်ရှိပြီး အမှန်တကယ်နွားနို့ထွက်သည့် အကောင်ရေမှာတစ်သိန်းခွဲခန့်ရှိကြောင်း သိရသည်။

ပြည်ပမှနို့နှင့်နို့ထွက်ပစ္စည်းများကို နယူးဇီလန်နှင့်၊သြစတေးလျ နိုင်ငံတို့မှ အဓိကတင်သွင်းနေပြီး နို့မှုန့်၊နို့ဆီနှင့်နို့စိမ်းဘူးများတင်သွင်းလျှက်ရှိသည်။

ပြည်တွင်း၌ နို့စားနွားမျိုးကောင်းမျိုးသန့်များ ရရှိစေရန် ပြည်ပမှ မျိုးရေကြည်များဖြင့် မွေးမြူနိုင်ရန်အကူအညီပေးခြင်းအပါအဝင်နယူးဇီလန်-မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး အကောင်းဆုံးနို့စားနွားမွေးမြူရေးစီမံကိန်းကိုလည်း (၂၀၁၈)ခုနှစ်အထိဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံနို့လုပ်ငန်းအသင်းမှ သိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*