ငြိမ်းချမ်းရေးရက် သတ္တပတ် လှုပ်ရှားမှုအစီအစဉ်ရဲ့ စာအုပ်ဈေးရောင်းပွဲတော်

ငြိမ်းချမ်းရေးရက် သတ္တပတ် လှုပ်ရှားမှုအစီအစဉ်ရဲ့ စာအုပ်ဈေးရောင်းပွဲတော်
November 8, 2017 Fame Asian

1:28 pm
ငြိမ်းချမ်းရေးရက် သတ္တပတ် လှုပ်ရှားမှုအစီအစဉ်ရဲ့ စာအုပ်ဈေးရောင်းပွဲတော်

book1

မန္တလေး၊နိုဝင်ဘာ၈

မန္တလေးမြို့က ငြိမ်းချမ်းရေးရက်သတ္တပတ်လှုပ် ရှားမှုအစီအစဉ်ရဲ့ စာအုပ်ဈေးရောင်းပွဲတော် ကို ဒီနေ့ နိုဝင်ဘာ ၈ ရက်မနက်ပိုင်းကစလို့ နန်းရှေ့ ၆၆ လမ်း အမျိုးသားဇာတ်ရုံအနီးကျင်းပနေပြီ ဖြစ်ပါတယ်။စာအုပ်စတုဒီသာလှူဒါန်းခြင်းအစီအစဉ်လည်း ပါဝင်ပြီး ဒီအလှူအတွက် အောင်သမာဓိစိန်ရွှေ ရတနာလုပ်ငန်းက စာအုပ်တစ်သောင်းလှဒါန်း မှာဖြစ်တယ်လို့ သိရပါတယ်။

book2

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီကဦးဆောင်စီစဉ်တာပဲဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်အထိ ပြခန်းတွေ စကားဝိုင်းဆွေးနွေးပွဲ တွေ ဂီတပဒေသာကပွဲ ဖျော်ဖြေရေးအစီအစဉ် တွေနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ညပိုင်းမှာ ငြိမ်းချမ်းရေးရက်သတ္တပတ်လှုပ်ရှားမှုရဲ့ ငြိမ်းချမ်းရေးမီးထွန်းပွဲတော်ကြီး ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ညနေ ၅ နာရီမှာ ဖွင့်ပွဲ အခမ်းအနားပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါ တယ်။

သတင်း+ဓါတ်ပုံ- စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*