11:36 am
ရန်ကုန် ၊ နိုဝင်ဘာ ၈
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှဖွဲ့ စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညိနှိုင်းဆွေးနွေးရေးအဖွဲ့  (DPN) နဲ့  ငြိမ်းချမ်းရေးကော်မရှင် (PC)တို့ ဟာ ရန်ကုန်မြို့ ၊ ရွှေလီလမ်းရှိ “အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)” ရုံးမှာ ဒီကနေ့  (၈) ကြိမ်မြောက်တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်လျက်ရှိပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPN တို့ ဟာ ၁၅ လကျော်အကြာ တွေ့ ဆုံဆွေးနွေးခဲ့ပြီးဖြစ်သလို ယနေ့ တွေ့ ဆုံဆွေးနွေးပွဲဟာ နောက်ဆုံးအကြိမ်တွေ့ ဆုံဆွေးနွေးခြင်းဖြစ်မယ်လို့ မျှော်လင့်ကြောင်း DPN အဖွဲ့ ခေါင်းဆောင် ခူဦးရယ်က ပြောပါတယ်။ယခုတွေ့ ဆုံဆွေးနွေးပွဲမှာ အဆိုပြုချက် (၈) ချက်ထဲက ဆွေးနွေးဖို့ ကျန်ရှိနေတဲ့အချက်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဖြိုးထက်အောင်
ဓါတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)