မန္တလေးက ကားကွင်းတွေထဲ ခရီးသွားတွေ ထံကနေ အုပ်စုဖွဲ့ အနိုင်ကျင့်ငွေ ခြိမ်းခြောက်လုနေ သူတွေထဲက တစ်ဦးကို ဖမ်းမိ

မန္တလေးက ကားကွင်းတွေထဲ ခရီးသွားတွေ ထံကနေ အုပ်စုဖွဲ့ အနိုင်ကျင့်ငွေ ခြိမ်းခြောက်လုနေ သူတွေထဲက တစ်ဦးကို ဖမ်းမိ
November 8, 2017 Asian Fame

9:54 am
မန္တလေးက ကားကွင်းတွေထဲ ခရီးသွားတွေ ထံကနေ အုပ်စုဖွဲ့ အနိုင်ကျင့်ငွေ ခြိမ်းခြောက်လုနေ သူတွေထဲက တစ်ဦးကို ဖမ်းမိ

crime(မန္တလေး၊နိုဝင်ဘာ၈)

မန္တလေးမြို့ သီရိမန္တလာကားကွင်းရှေ့မှာ မနေ့က မနက်ပိုင်းက ခရီးသွားပြည်သူ ၇ ဦးထံမှ အုပ်စုဖွဲ့အနိုင်ကျင့်ငွေခြိမ်းခြောက်လုယူသူ နှစ် ဦးထဲကတစ်ဦးကို စည်ပင်သာယာရဲတပ်ဖွဲ့နဲ့ပူးပေါင်းအဖွဲ့ကဖမ်းဆီးရမိလိုက်တာကြောင့် ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းဆီအပ်နှံခဲ့တာမှာ အဆိုပါရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မနှစ်ခုနဲ့အမှုဖွင့်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

မန္တလေးမြို့က အုပ်စုဖွဲ့အနိုင်ကျင့်ငွေညှစ်တာတွေအပေါ် စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး) မှ တပ်ဖွဲ့မှူးရဲမှူးငြိမ်းချမ်းအောင် ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ စည်ပင်သာယာရဲတပ်ဖွဲ့ ရဲအုပ်ကျော်မျိုးနိုင်ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့ လုံခြုံရေးဆောင်ရွက်နေစဉ် အဆိုပါကားကွင်းရှေ့ မနက် ၄ နာရီ ၄၅ မိနစ်အချိန် ခန့်ကဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

မူဆယ်မြို့မှတွင်းငယ်ကျေးရွာသို့ မန္တလေးမြို့မှာတစ်ထောက်နားပြီး ခရီးဆက်လက်ထွက်ခွာကြမယ့် တွင်းငယ်ကျေးရွာနေ ဦးထွန်းဦး၊ ဦးညီညီဖြိုး၊ ဦးဝင်း သန်းဦး၊ ဦးနေလင်းနိုင်၊ ဦးနေလင်းအောင်၊ ဦးအောင်ကျော်မိုး နဲ့ ဦးအောင်တင်တို့ ၇ ဦးတို့ဟာ ကားကွင်းရှေ့မှာ ဆိုင်ကယ်ကယ်ရီဆွဲတဲ့ စိုင်း မောင်(ခ)စိုးထိုက်အောင် နဲ့ မန်းဝင်း(စိစစ်ဆဲ)တို့နဲ့တွေ့ဆုံစဉ် ၄င်းတို့နှစ်ဦးက Light Ace အဖြူရောင်ယာဉ်နဲ့ ၃၁ လမ်း နဲ့ ၇၇ လမ်းထောင့် ရွှေအိမ်သူ တည်းခိုခန်းဘေးရှိ အမည်မသိလက်မှတ်ဂိတ်ဆီ ကားလက်မှတ်ဝယ်ယူရန်ခေါ်ဆောင်သွားကြောင်း၊ ကားဂိတ်မှာ ခရီးသည်တစ်ဦးအတွက် အသွားအ ပြန်ကား(တက္ကစီ)ခ နှစ်သောင်းကျပ်နဲ့ ငွေကျပ်တစ်သိန်းလေးသောင်း၊ ကားလက်မှတ်ခတစ်ဦးအတွက် ၅၅၀၀ ကျပ်နဲ့ ၃၈၅၀၀ ကျပ် အတင်းအကြပ် တောင်းယူကြောင်း၊ ငွေကြေးကိစ္စအချင်းများနေစဉ် မန်းဝင်းမှ ခရီးသည်ဦးအောင်ကျော်မိုးရဲ့ခရီးဆောင်အိတ်အတွင်းထည့်ထားတဲ့ ငွေကျပ် လေးသောင်းအား အတင်းအဓမ္မယူခဲ့ကြောင်း၊ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ခရီးသည်တွေဘက်က ကားကွင်းတာဝန်ကျအဖွဲ့ဆီတိုင်ကြားခဲ့တာမှာ စည်ပင် သာယာရဲတပ်ဖွဲ့နဲ့ပူးပေါင်းအဖွဲ့ကလိုက်လံရှာဖွေဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

crime1

ပူးပေါင်း အဖွဲ့ရဲ့လိုက်လံရှာဖွေ ဖမ်းဆီးမှုမှာ စိုင်းမောင်(ခ) စိုးထိုက်အောင်အား သီရိမန္တလာကားဝင်း ၀င်ပေါက်အနီးတွေ့ရှိ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ချမ်းအေး သာစံမြို့နယ် အမှတ် ၈ ရဲစခန်းဆီ အပ်နှံအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်အပေါ် အမှတ် ၈ ရဲစခန်းက (ပ)၅၀၄/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂/၁၁၄ အရလည်းကောင်း၊ တရားမ၀င်ဂိတ်ဖွင့်ထားသူဦးကျော်ဌေး အားလည်း စည်ပင်သာယာဥပဒေပုဒ်မ ၁၁၇ အရဆက်လက်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။
မန္တလေးမြို့ကကားကွင်းတွေမှာ မသမာသူတွေနဲ့တရားမ၀င်ခရီးသည်ပို့ဆောင်ရေးဂိတ်တွေပူးပေါင်းပြီး ဆိုက်ရောက်ခရီးသည်တွေအပေါ် နိုင့်ထက်စီး နင်းငွေညှစ်ခြိမ်းခြောက်တောင်းယူတာတွေ နေ့စဉ်နဲ့အမျှဖြစ်ပွားနေတာမှာ ပြီးခဲ့တဲ့အောက်တိုဘာလကစလို့ စည်ပင်သာယာရဲတပ်ဖွဲ့နဲ့ပူးပေါင်းအဖွဲ့တွေ က ကြပ်မတ်ဆောင်ရွက်နေတာမှာ နိုဝင်ဘာ ၄ ရက်ကလည်း ချမ်းမြရွှေပြည်ကားကွင်းအပြင်ဘက်မှာဖွင့်ထားတဲ့ တရားမ၀င်ဂိတ် ၆ ခု တရားစွဲအရေးယူ ခံထားရတယ်လို့သိရပါတယ်။

စောထွေးမ်ု

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*