ဘုရား ပေါ်နေဝင်ဆည်းဆာတက်ရောက်ကြည့်ရှုရာမှ တဆင့် အသက် ၂၁နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသူ တစ်ဦး ပြုတ်ကျသေဆုံး

ဘုရား ပေါ်နေဝင်ဆည်းဆာတက်ရောက်ကြည့်ရှုရာမှ တဆင့် အသက် ၂၁နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသူ တစ်ဦး ပြုတ်ကျသေဆုံး
November 8, 2017 Fame Asian

1:31 pm
ဘုရား ပေါ်နေဝင်ဆည်းဆာတက်ရောက်ကြည့်ရှုရာမှ တဆင့် အသက် ၂၁နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသူ တစ်ဦး ပြုတ်ကျသေဆုံး

23376124_1613739552021654_6620524506978114038_n

ပုဂံ၊နိုဝင်ဘာ၈

ပုဂံဘုရားအမှတ် (၃၅၂/၂၁၃) ဝတ္ထနသောဘုရား ပေါ်နေဝင်ဆည်းဆာတက်ရောက်ကြည့်ရှုရာမှ တဆင့် အသက် ၂၁နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသူ တစ်ဦး ပြုတ်ကျသေဆုံးသွားသည်။

သူမသည် ယမန်နေ့ ညနေပိုင်းက ဘုရားပေါ်မှ မတော်တဆပြုတ်ကျခဲ့ရာ မျက်ကွင်း နှစ်ဘက် ဖူးရောင်ညိုမဲ၊ နား/နှာခေါင်း သွေးထွက်ဒဏ်ရာများ(သတိမရ)ရရှိသဖြင့် ညောင်ဦးဆေးရုံ မှ တစ်ဆင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်စဉ် တောင်သာမြို့နယ် ဆင်တဲဝချောင်းအနီး၌ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ညောင်ဦးမြို့မရဲခစန်းမှ သေမှုသေခင်း အမှတ်စဉ် (၉/၂၀၁၇)ဖြင့် အမှုဖွင့်လှစ် စစ်ဆေးလျက်ရှိနေသည်။

၎င်းအမေရိကန်နိုင်ငံသူသည် နိုဝင်ဘာလ၅ ရက်နေ့က ညောင်ဦးမြို့နယ်သို့ရောက်ရှိပြီး ပုဂံမြို့ဟောင်းရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*