အမြန်လမ်းပေါ် ဆိုင်ကယ်စီးသူက အဖမ်းမခံဘဲ ရဲကို ကိုယ်ထိ လက်ရောက်ပြန်လည်ပြုမှု

အမြန်လမ်းပေါ် ဆိုင်ကယ်စီးသူက အဖမ်းမခံဘဲ ရဲကို ကိုယ်ထိ လက်ရောက်ပြန်လည်ပြုမှု
November 7, 2017 Asian Fame

6:12 pm
အမြန်လမ်းပေါ် ဆိုင်ကယ်စီးသူက အဖမ်းမခံဘဲ ရဲကို ကိုယ်ထိ လက်ရောက်ပြန်လည်ပြုမှု

cycle(နေပြည်တော် ၊နိုဝင်ဘာ၇)

ပြီးခဲ့တဲ့ တစ်ရက်ကျော်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၃၇/၁-၂)ကြားမှာ ဆိုင်ကယ်စီးနေသူ ဦးမြင့်ကြိုင်ဆိုသူက အဖမ်းမခံဘဲ ရဲတပ်ဖွဲ့ဝင်အချို့ကို ကိုယ်ထိ လက်ရောက်တွန်းလှဲ မှုတစ်ခုလုပ်ခဲ့တာကြောင့် ဆိုင်ကယ်စီးမှုအပါအ၀င် တာဝန်ဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းအား လက်ရောက် ဟန့်တားမှု စတဲ့အမှုတွေနဲ့ အရေးယူ ခံထားရတယ်လို့ သိရပါတယ်။

သူဟာ အဲဒီနေ့ နေ့လည် ၁၂နာရီလောက်က နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်သို့ ဆိုင်ကယ်စီးပြီးလာနေတာကြောင့် ဗောဓိကုန်းအမြန်လမ်းမကြီးမှ ရဲတပ်ဖွဲ့ ဝင်များက ရဲစခန်းသို့ ခေါ်စဉ် မလိုက်နိုင်ကြောင်းငြင်းဆန်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ကို ကိုယ်ထိလက်ရောက်တွန်းလှဲ မှုလုပ်ခဲ့ပါတယ်။

အမြန်လမ်းဟာ ဥပဒေအရ ဆိုင်ကယ်လုံးဝ မစီးရတဲ့လမ်းတစ်ခုပါ။

အောင်ပြည့်စုံ

ဓါတ်ပုံ – အောင်နိုင်စိုး (ကစ္ဆပ)

ပုံစာ – ဆိုင်ကယ်လုံးဝမစီးရတဲ့ အမြန်လမ်းပေါ် ဆိုင်ကယ်စီးနင်းနေမှုများ၊

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*