လျှပ်စစ်ပစ္စည်းတွေ နဲ့ ပတ်သတ်တဲ့ စံသတ်မှတ်ချက် လုပ်ဖို့ ကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း အစိုးရဆို

လျှပ်စစ်ပစ္စည်းတွေ နဲ့ ပတ်သတ်တဲ့ စံသတ်မှတ်ချက် လုပ်ဖို့ ကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း အစိုးရဆို
November 7, 2017 Asian Fame

2:45 pm
လျှပ်စစ်ပစ္စည်းတွေ နဲ့ ပတ်သတ်တဲ့ စံသတ်မှတ်ချက် လုပ်ဖို့ ကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း အစိုးရဆို

1(ရန်ကုန် ၊ နိုဝင်ဘာ ၇)

လျှပ်စစ်ပစ္စည်းဆိုင်များ၊ စတိုးဆိုင်များမှာ ရောင်းချနေတဲ့ အရည်အသွေးမမီတဲ့လျှပ်စစ်ပစ္စည်းတွေနဲ့  အမှတ်တံဆိပ်အတုများ တင်သွင်းရောင်းချနေတာတွေကို ထိရောက်စွာ အရေးယူတားမြစ်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအနေနဲ့ အစီအစဉ်ရှိမရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာမေးမြန်းမှုကို “အလွန်ဆောင်ရွက်သင့်တဲ့ကိစ္စဖြစ်တယ်”လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြန်လည်ဖြေကြားပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မရမ်းကုန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ” ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ပစ္စည်းဆိုင်များ၊ စတိုးဆိုင်များမှာ ရောင်းချနေကြတဲ့ လူသုံးလျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ်ဝါယာကေဘယ်လ်နဲ့ ဘရိတ်ကာအပါအ၀င် လျှပ်စစ်မီးသွယ်တန်းခြင်းဆိုင်ရာပစ္စည်းများထဲမှ တစ်ချို့ မှာ လျှပ်စစ်အန္တရာယ်ပေါ်ပေါက်ပြီး ပြည်သူလူထု ထိခိုက်ဆုံးရှုံးမှုများပေါ်ပေါက်စေတဲ့အတွက် ထိရောက်စွာတားမြစ်အရေးယူဖို့ အစီအစဉ်ရှိမရှိ” မေးမြန်းခဲ့ပါတယ်။အဆိုပါမေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဒေါ်နီလာကျော်က အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

“ရန်ကုန်တိုင်းလျှပ်စစ်စီမံခန့် ခွဲရေးအနေနဲ့ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းနဲ့ ပြည်ထောင်စုလျှပ်စစ်ဝန်ကြီးဌာနတို့ ပူုးပေါင်းပြီး ကျွန်မတို့ လျှပ်စစ်နဲ့ ပတ်သတ်တဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ ပတ်သတ်တဲ့ စံသတ်မှတ်ချက်လုပ်ဖို့ ကိုလည်း စီစဉ်ဆောင်ရွက်လျက်
ရှိပါတယ်” လို့ သူမကပြောပါတယ်။

စံသတ်မှတ်ချက်ပြုလုပ်ပြီးရင်တော့ ဈေးကွက်အတွင်းမှာရောင်းချတဲ့ ပစ္စည်းတွေ၊ တံဆိပ် အမှတ်အတုတွေနဲ့ အရည်အသွေးမပြည့်မီတဲ့ပစ္စည်းတွေ ရောင်းချမှု သုံးစွဲမှုအားလုံးကို ထိန်းချုပ်သွားနိုင်မှာဖြစ်တယ်လို့ လည်း ဒေါ်နီလာကျော်ကဆက်ပြောပါတယ်။

မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကတော့ မြန်မာနိုင်ငံမှာ မီးလောင်မှုဖြစ်ပွားတဲ့အကြောင်းရင်းတော်တော်များမှာ လျှပ်စစ်ဝါယာရှော့ခ်ကြောင့်ဖြစ်ရတယ်လို့ သူ့ အနေနဲ့ ကြားသိရကြောင်း လွှတ်တော်မှာ ထုတ်ဖော်ပြောပါတယ်။

”၂၀၁၄ ခုနှစ်မှာမြန်မာနိုင်ငံလျှပ်စစ်ဥပဒေကို ပြဌာန်းထားပြီးဖြစ်ပါတယ် အဲဒီဥပဒေမှာ ပြည်တွင်းမှာ ရောင်းချမယ့်လျှပ်စစ်ပစ္စည်းတွေကို အရည်အသွေးပြည့်မီမှုရှိမရှိကို စစ်ဆေးဆောင်ရွက်သွားရန် ဥပဒေပြဌာန်းထားတာတွေ့ ရပါတယ်။ဥပဒေပါအချက်အလက်များအတို
င်း အကောင်အထည် မဖော်နိုင်သေးတဲ့ အတွက် အခုအခါမှာ ဈေးကွက်အတွင်းရောင်းချနေကြတဲ့ လျှပ်စစ်ဝိုင်ယာကေဘယ်လ်အပါအ၀င် လူသုံးကုန်ပစ္စည်း အတော်တော် များများဟာ ဈေးကွက်ယှဉ်ပြိုင်ရောင်းချနိုင်ရေးကို ထုတ်လုပ်ထားတဲ့ပစ္စည်းများဖြစ်နေတာကိုတွေ့ ရပါတယ်။ အိမ်နီးချင်းနိုင်ငံမှ ကုန်သည်များကိုယ်တိုင် ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံမှာရှိတဲ့လျှပ်စစ်ပစ္စည်းဆိုင်များကို လိုက်လံမေးမြန်းပြီး ဘယ်လိုပစ္စည်းအမျိုးအစားတွေကို ဘယ်ဈေးနှုန်းနဲ့ လိုချင်သလဲ ၊ ဘယ်အမှတ်တံဆိပ်လုပ်ပေးရမလဲ ၊ ဘယ်နိုင်ငံထုတ်လို့ ဖော်
ပြပေးရမလဲ စသဖြင့် အရည်အသွေးကို လုံးဝအလေးမပြုဘဲ စီးပွားရေးတစ်ခုတည်းကိုသာ အလေးပြုပြီး ထုတ်လုပ်တင်ပို့ နေတာကို တွေ့ နေရပါတယ်။ သူတို့ နိုင်ငံမှာ အဲဒီလို အရည်အသွေးမမီတာတွေကို ဈေးကွက်မှာ လုံးဝရောင်းချခွင့်မပြုထားတာကိုသိရပါတယ်” လို့ သူကပြောပါတယ်။

၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ လျှပ်စစ်ဥပဒေ အခန်း(၁၂) တားမြစ်ချက်များ ပုဒ်မ ၄၈ မှာ မည်သူမျှသတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသော လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများကို ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ ခြင်း၊ ဖြန့် ဖြူးရောင်းချခြင်းမပြုရလို့ ပြဌာန်းထားပြီး တားမြစ်ချက်ကို ကျူးလွန်ဖောက်ဖျက်ရင် အနည်းဆုံးထောင်ဒဏ် တစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်းသုံးဆယ်အောက် မလျော့သောငွေဒဏ်ချမှတ်ရမည် လို့ ပြဌာန်းထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*